Chapter-31

4.1K 808 49
                                    

For Zawgyi~

ဖွင့်​ပွဲ

ချန်းယိကျွင်းရဲ့သီချင်းက ​နောက်​ရက်​အနည်းငယ်​ထိ
အဓိကဂီတပလက်​​ဖောင်း​တွေရဲ့ ထိပ်​ဆုံးဇယားမှာ
ရပ်တည်​​နေ​နိုင်​ဆဲပင်​​။MVရဲ့စတားတစ်​​ယောက်​အ​နေနဲ့
ချန်​ရှသည်​လည်း ​အနည်းနဲ့အများ​တောက်​ပလာခဲ့ပြီး။
ဂီတအသိုင်းအဝိုင်းမှာ မဆိုသ​လောက်​အောင်​မြင်​မှု​လေး
ရလာခဲ့ကာ..သူ့Weiboစာမျက်​နှာမှာ ဖန်​အ​ရေအတွက်​က
တဖြည်းဖြည်းနဲ့ ၃သိန်းခွဲထိ တိုးလာ​ချေ​တော့သည်​။

နှစ်​ရက်​​ကျော်​လွန်​သွားပြီးနောက်​..ရှာ​ဖွေမှုအများဆုံး
စာရင်းကို သူတို့ရဲ့လက်​ထပ်​ပွဲအ​ကြောင်း​ကြေညာလိုက်​တဲ့
အသိုင်းအဝိုင်းထဲကနာမည်​ကြီးအနုပညာရှင်​​​နှစ်​​ယောက်​ရဲ့
သတင်း​​တွေကသာ နေရာယူသွား​လေ​တော့သည်​။
'မှတ်ဥာဏ်​အပိုင်းအစများ'ရဲ့​​ ကျော်​ကြားမှုက
တဖြည်းဖြည်းကျဆင်းသွားပြီး..ချန်​ရှအ​ပေါ်ရှိ​နေတဲ့
အာရုံစိုက်​မှု​တွေကလည်း အ​ရောင်​မှိန်​သွားခဲ့​ချေ၏။
ချန်​ရှက​တော့ ဒီရလဒ်​ကို ​မျှော်​လင့်​ထားပြီးသားပင်​။
MVထွက်​ရှိတဲ့​နေ့မှာတင်​ သူ့Weibo မှတ်​ချက်​​တွေက
၃၀၀၀​ကျော်​သွားခဲ့​ပြီး..​နောက်​ရက်​အနည်းငယ်​မှာ​တော့
မှတ်​ချက်​​တွေက ရုတ်​တရက်​ကျဆင်းသွားခဲ့သည်​​လေ။

သူ့ကို followထားတဲ့ လူရှစ်​ဆယ်​ရာခိုင်​နှုန်း​လောက်​က
ချန်းယိကျွင်းရဲ့ပရိတ်​သတ်​​တွေချည်းသာဖြစ်​သည်​။
ဒီရှစ်​ဆယ်​ရာခိုင်​နှုန်း​သောလူ​တွေက ချန်းယိကျွင်းရဲ့
အကျိုးအတွက်​လုပ်​ခဲ့ကြတာပင်​။လူအနည်းစုက
သူ့မျက်​နှာကို သ​ဘောကျခဲ့တာ မဟုတ်ရင်​​တောင်
စန္ဒရားတီး​နေတဲ့သူ့ကို အမှတ်​ရ​နေခဲ့​​သည်​သာ။

ဒီလိုပရိတ်​သတ်​​တွေက အ​ရေအတွက်သုံး​သောင်းပင်
မပြည့်​​ချေ။ချန်​ရှရဲ့'ဖြတ်​​လျှောက်​ဖန်​'အများစုကလည်း
အချိန်​မ​ရွေး နံရံ​ပေါ်တက်​လာနိုင်​​​​​ပါ​သေး၏။*သူတို့လို
သရုပ်​​ဆောင်​​​တွေအ​နေနဲ့ နှုတ်​ထက်​ အလုပ်​နဲ့သာ
စကား​ပြောသင့်​​သည်​​ပင်​။ဒါ​ကြောင့်​ပဲ...ချန်​ရှမှာ
ဒီရုတ်​တရက်​ဆန်​တဲ့ ​​ပေါက်​ကွဲမှုအသေးစား​လေးကို
ကြုံ​တွေ့လိုက်​​ရပြီး​နောက်..​အချိန်တို​အ​​တွင်းမှာတင်
ပြန်​တည်​ငြိမ်​သွား​လေ​တော့သည်။ချန်​ရှက သူ့စိတ်​သူ
ပြင်​ဆင်​ကာ..နောက်​ဇာတ်​လမ်းတွဲအတွက်​သာ
အာရုံစိုက်​ထားလိုက်​​ချေ​တော့၏။

Accidental Mark {Myanmar Translation}Where stories live. Discover now