Chapter-38

3.3K 721 63
                                    

For Zawgyi~

ချန်​ရှရဲ့အက်​စီးဒန့်​(၂)

ကားက အလျင်​အမြန်​ပင်​ ​လေဆိပ်​ကို​ရောက်​ရှိလာ၏။
သည့်​တိုင်​ ချင်​ယွိဆီက ဘာသတင်းမှမရလာ​​သေး​ချေ။
ရုန်​ချန်​ ပြန်​မဲ့​လေယာဉ်​​ပေါ်မတက်​ခင်​ လုံခြုံ​ရေးဂိတ်​ကို
ဖြတ်​ပြီးတာနဲ့ ​ဖေး​ရှောက်​ဇီ သူ့ညီကို​ခေါ်ကာ ပထမတန်း
ခရီးသည်​ခုံဆီ တိုက်ရိုက်​​တန်းသွားလိုက်​​​ပေတော့သည်​။

မနက်​ ၁၂နာရီခွဲ။ရုန်​ချန်​​လေဆိပ်မှာ ​လေယာဉ်​ဆိုက်​​ပြီပင်​​။
ကျန်ဖန်​​စီစဉ်​​ပေးထားတဲ့ဒရိုင်​ဘာက သူတို့ကို ​လေဆိပ်​မှာ
စောင့်​​နေ၏။ဖေး​ရှောက်​ဇီ ခရီး​ဆောင်​အိတ်​ကို ကားထဲ
ပစ်​ထည့်​ကာ အမိန့်​​ပေးသံဖြင့်​ ​​ပြောလိုက်​​လေသည်​။
"ပင်း​ကျောင်းပုဂ္ဂလိကဆေးရုံကိုသွား"

ဒရိုင်​ဘာက အမြန်​လမ်း​ပေါ်မှာ အရှိန်​တင်​​မောင်းလိုက်​၏။
မနက်​ ၁နာရီခွဲမှာ​တော့ ​ဆေးရုံ​ဝင်ေ​ပါက်ရှေ့ရောက်​လာခဲ့
ချေပြီ။ဖေး​ရှောက်​ဇီ ခရီး​ဆောင်​အိတ်​ကိုပင်​ မထုတ်​ဘဲ...
ကားထဲကထွက်​တာနဲ့ ​ဆေးရုံထဲတန်းဝင်​သွား​တော့၏။
ဖေး​ရှောက်​ယန်​ တုံ့ဆိုင်း​နေပြီးမှ သူ့အစ်​ကိုပြန်​အလာကို
တံခါးနားမှာ​စောင့်​​နေဖို့သာ ​ဆုံးဖြတ်​လိုက်​​လေသည်​။
သူလိုက်​သွားပြီး မီးသီး​တစ်လုံး​တော့ မဖြစ်​လိုပါ​ချေ။

ချင်​ယွိတစ်​​ယောက်​ ​ဆေးရုံမှာညဆိုင်းဆင်း​လျက်​..
အိပ်​ငိုက်​​​​​လို့နေ၏။ရုတ်​တရက်​ သူ့ဖုန်းမြည်​လာပြီး..
ဖေး​ရှောက်ဇီရဲ့​ခပ်​တိုးတိုးအသံတစ်စ​က သူ့နားထဲ
ဝင်​​ရောက်​လာ​ချေသည်​။"ချန်​ရှဘယ်​လို​နေ​သေးလဲ?"
သူ့အသံက နည်းနည်းအက်​ရှ​နေကာ မ​ကျေနပ်​မှုနဲ့
စိုးရိမ်​မှု​တွေက သိသိသာသာပြည့်​နှက်​လျက်​သား။

အိပ်​မ​ပျော်​​သေးတဲ့ချင်​ယွိခမျာ အဖြူ​ရောင်​ဂျူတီကုတ်
ဝတ်​ထားရင်း ​ရုံးခန်းထဲက အလျင်အ​မြန်​ထွက်​လာရ၏။
"ငါ ခုနက မင်းကိုဖုန်း​ခေါ်ဖို့ကြိုးစား​သေးတယ်​..မရလို့။
ချန်​ရှ အဆင်​​ပြေတယ်​။ဒဏ်​ရာက သူ့ပုခုံး​နားလေးတင်​..
အ​ပေါ်ယံဒဏ်​ရာ​လေးပါပဲ။နှလုံးနဲ့အဆုတ်​​တွေကို​တော့
မထိခိုက်​သွားဘူး။သူ့ကို ၁၀လွှာက အတွင်းလူနာဌာနရဲ့
လူနာ​ဆောင်​(၃)မှာ ငါ ထားထားတယ်​"

Accidental Mark {Myanmar Translation}Where stories live. Discover now