🌸Intro🌸

74.7K 3.5K 214
                                    

ကျတော်က.....ဆိတ်ငြိမ်စွာ လားရာတစ်ခုထဲ
တိုင်ခတ်ခဲ့ရတဲ့....လေကြောင်းတစ်ခုလိုပဲ

နွေဦးမှာလည်း...သခင့်ထံပါးတိုးဝှေ့ကျီစယ်ခဲ့တယ်

မိုးဥတု မှာလည်း..သခင့်ထံပါးတိုးဝှေ့ကျီစယ်ခဲ့တယ်

ဆောင်းဦးနှင်းတွေကြားထဲလည်း....

အရာခပ်သိမ်းအားလုံးသခင့်ဆီမှာပဲ...

ပူပြင်းတဲ့အချိန်အေးစက်ပေးတဲ့လေထုလို...

အေးစက်တဲ့အချိန် နွေးထွေးပေးတဲ့ လေထုတစ်ခုလို.....

သခင့်ထံပါး...အနီးဆုံးမှာ တဝဲလည်လည်.....

လူတစ်ယောက်ပါလို့...ကိုယ့်ကိုကိုယ်သိတဲ့....
အချိန်အပိုင်းအခြားကစ
Angelတွေ နေထိုင်ရာ...တိုင်းပြည်ကနေ
ပြေးထွက်လာတဲ့....ပန်းနုရောင်Angelလေးကို
တစိမ့်စိမ့် တမြေ့မြေ့ခံစားခဲ့တာ...

ငါးနှစ်သားတုန်းကစ

စာတောင်ကောင်းကောင်းမရေးတတ်သေးဘဲ...

စိတ်ကူးတွေထဲ ကဗျာတွေ စစပ်မိခဲ့တဲ့.....

သခင့်အလှ သခင့်ဖြစ်တည်မှုတွေ....

ဆယ်နှစ်သားရောက်တဲ့အခါ....

သခင့် ဆံပင်တချောင်းချင်းမှစ
ခြေဖဝါးနုနုလေးအထိ...ကျတော့်
စာရွက်တွေထဲ လုံလောက်စွာဖွဲ့နွဲ့ခဲ့ပြီးပြီ....

ဆယ့်ငါးနှစ်သားရောက်တော့...

ကျတော်.....ကျွမ်းနေပြီ....
တချို့က...အရွယ်ရောက်လာမှ
အသက်ပြည့်လာမှ...ရင်ခုန်ခြင်းကိုခံစား..
အချစ်တခုကိုတွေ့ရှိပြီး ပျော်ရွှင်မယ်
ခံစားမယ်...ဆုံးရှုံးတဲ့အခါ...အသဲကွဲမယ်ဆိုပေမယ့်
ကျတော်က ၁၅နှစ်သားထဲက...
သခင့်....ရဲ့ အကွေ့အဝိုက်....
သခင့်....ရဲ့ အန္တရာယ်..
သခင့်...ရဲ့ ခမ်းခမ်းနားနား လှပလာမှုတွေကြား...
နှလုံးသားက လက်လွန်ကာ
တိတ်တဆိတ်ငြိမ်သက်ခြင်း...အချစ်မှာ
ကျတော် တော်တော်ပရိုကျနေပြီ....။

အသက်၂၀ပြည့်တဲ့အခါ......

ကျတော်ဟာပညာအရည်အချင်းမှာ
ပထမနှစ်စာပေကျောင်းသားဖြစ်နေခဲ့ပေမယ့်
..အချစ်ဘာသာဗေဒမှာတော့....
ဂုဏ်ထူးတန်းဝင်နေခဲ့ပြီး...
တဖက်ထဲ မသိမသာလေးတိုက်ခတ်ခဲ့ရတဲ့
လေပြေလေးမလို့မလားမသိ....
နေသားအတော်အတန်ကျကာ
ဖွင့်ဟဝန်ခံဖို့ကို...ကြိုးစားစဉ်းစားမိခဲ့ပေမယ့်...
မျက်မှောင်လေးတွေ တွန့်ချိုးသွားတာ
ကိုတောင်....ကမ္ဘာပျက်လောက်မဲ့ကျတော်က...
နူတ်ခမ်းဖူးဖူးလေးမြင်တာနဲ့....
ဆွံအနားမကြားကောင်လို......
၁၅နှစ်လုံး ရူးခဲ့ပီးလည်း...ဆက်ရူးလို့ကောင်းတုန်း

ပန်းနုရောင်သမုဒ္ဒရာ🌸Where stories live. Discover now