🌸Ending🌸(Part2)

31K 2.3K 749
                                    

"ဖိနပ်ကြိုးချည်နေတာလည်းမပီးတော့ဘူး...."

စိတ်ကောက်နေပါသည်.....။
စူထွက်နေသောနူတ်ခမ်းသည်ဖိနပ်ကြိုး
ချည်ပေးနေသောကျတော့်ဆီပြေးကပ်မတတ်...။

အိမ်မှာအရက်သောက်ဖို့အစီအစဉ်လုပ်ခဲ့ပေမယ့်
Jimin ကခရီးလေးတခုထွက်ပြီးသောက်ရင်ပိုကောင်းမယ်ဟုအကြံပေးခဲ့ခြင်းကြောင့်ကျတော်တို့ကျောင်းသားဘဝကသွားခဲ့သောနှင်းတောင်တန်းတွေနဲ့နေရာသို့
ပြန်သွားရန်ရွေးချယ်လိုက်ကြသည်။
သူလုပ်ချင်တာကိုကျတော်တစ်ချက်မှမငြင်းဘဲ
ဖြည့်စည်းပေးလို့ပြသနာကမရှိသေး...။
သို့သော် သူငယ်ချင်းတွေလိုက်အုန်းမလားဟု
ချိန်းတဲ့အခါ အားလုံးကလိုက်မယ်ဟုခေါင်းညိတ်ကြသည်။

သူငယ်ချင်းတွေနဲ့ခရီးစုသွားရခြင်းသည်
လောကတွင်အခက်ခဲဆုံးကိစ္စရပ်မလို့
စစီစဉ်တဲ့နေ့ကစ ဒီနေ့ ဟိုတစ်ယောက်လိုက်မယ်
နောက်နေ့မလိုက်တော့ဘူး ပြန်လိုက်မယ်
သံသရာလည်နေကာ တစ်လတိတိ ညှိနှိုင်းယူခဲ့ရသည်။
မတူညီသောနယ်ပယ်ကလူတွေမလို့
အလုပ်ကိုယ်စီနဲ့ရှုပ်နေကြသူမို့ မနည်းရက်သတ်မှတ်ပီး
တဲ့အခါ နောက်ဆုံးတော့ သွားလို့ရခဲ့ပြီ။

ပန်းနုရောင်လေးသည်ရက်တွေအများကြီး
စောင့်ခဲ့ရလို့ကောက်သည်...။
သွားရတော့မယ်ဆိုတော့ ပြေသွားသည်။
ဖက်တီးကို ခေါ်လို့မရဘူး အမေတို့ဆီထားခဲ့ရမယ်
ဆိုသော်အခါ ထပ်ကောက်တော့သည်။

ခရီးထွက်မယ့်မနက်တွင်အသေးလေး
စိတ်မကြည်လင်နေ...။
ဖိနပ်ကြိုးချည်ပေးနေတာတောင်စိတ်မရှည်
နေကာ စူပုတ်နေလျှက်။

"ဖိနပ်ဖြူဖြူလေးတွေစီးလိုက်ရင်များ
နတ်သားသေးသေးလေးကျနေတာပဲ....."

"ငါ့ကိုလာဖားမနေနဲ့....."

"သွားခါနီးလာခါနီးအဲ့လိုမလုပ်ရဘူး
ကလေးလား....အသက်ဘယ်လောက်ရှိနေပီလဲ..."

"ဘယ်လောက်ရှိရှိပေါ့...ဖယ်ငါ့ဟာငါ
ချည်မယ်..."

"မင်းချည်တာကိုယ်မကြိုက်ဘူး
မသေသပ်ဘူး...ငြိမ်ငြိမ်နေ..."

"ဘေဘီ့ကို ခရီးကိုမခေါ်ချင်တဲ့သူတွေ
မြန်မြန်အိုစာပါစေ..."

ပန်းနုရောင်သမုဒ္ဒရာ🌸Where stories live. Discover now