🌸3🌸

20.8K 2.3K 297
                                    

တပတ်ကြာတဲ့အခါ ကျတော်တို့နှစ်ယောက်
လုံးကျောင်းအတွင်းဆောင်ကိုရောက်ခဲ့ကြတယ်။

တစ်ယောက်အိပ်ခုတင်နှစ်လုံး...
စာကြည့်စားပွဲတစ်ခုစီနဲ့
အဝတ်ဗီရိုနှစ်ခုသည် သပ်သပ်ရပ်ရပ်....။

ပျော်ရွှင်နေသောJimin ၏လွတ်လပ်စွာ
အတောင်ဖြန့်မှုလေးသည် ကြည့်ရင်းနဲ့ကို
သဘောကျလာကာ သူဒီနေရာကိုအလိုလိုက်ပြီး
လိုက်နေခဲ့တာ အမှားမရှိကြောင်းခံစားရသည်။

အိပ်ယာပေါ်ကန့်လန့်ဖြတ်လှဲကာ
လွတ်လပ်ပြီကွ ဟု အော်ဟစ်တိုင်တည်
နေသောပုံစံလေးအားခိုးကြည့်ရင်း
ခုတင်ပေါ်ထိုင်လိုက်တော့ ချော်ကျမိလိုက်သေး။

ကျတော်ဟာ အချိန်တိုင်းဂယောက်ဂယက်...။

အဆောင်စနေထဲက Jiminဟာအခန်းကပ်သူ
တော့မဟုတ်..။အမြဲတမ်းJungHoseok
တို့အခန်းဆီသွားနေတတ်သည်။
Jungသည်အခန်းထဲတွင်တစ်ယောက်ထဲနေရသော
အချိန်ကများခဲ့သော်လည်း..သိပ်တော့
စိတ်မညစ်မိ...။

အရင်က သတိများရလာလျှင်
အကြောင်းမရှိအကြောင်းရှာJimin အိမ်သွားကာ
ခဏတဖြုတ်တော့ဘာလုပ်နေလဲ
သွားသွားကြည့်ခဲ့ရသည်။
လက်ရှိတွင်တော့ ဝေးဝေးလံလံအိမ်ကူး
နေစရာမလို ဟိုဘက်ခုတင်နှင့်ဒီဘက်ခုတင်
လှမ်းကြည့်လိုက်လို့ မြင်နေရတာကို
ကျတော့်မှာ တစ်ခါတစ်လေ စည်းဝါးပင်
မကွဲဘဲ ထထက ချင်သည်အထိပျော်ခဲ့သည်။

မနက်လင်းတိုင်း ခြေကားယားလက်ကားယား
လေးအိပ်ပျော်နေတတ်သော သမုဒ္ဒရာလေးကို
မိနစ်တော်တော်ကြာထိုင်ကြည့်ပြီး
ကဗျာရေးသည်...။

ကဗျာဆန်စွာအိပ်နေတာမျိုးမဟုတ်...
ခြေရင်းနှင့်ခေါင်းရင်းပြောင်းပြန်ဖြစ်သည်
အထိ အအိပ်ကြမ်းလှသူသည်
စာမျက်နှာတခုလောက်အထိဖွဲ့နွဲ့လို့ရလောက်အောင်ကို
သိပ်ရူးရူးမူးမူးရယ်...။

"Jung...မနက်စာကြီးက ဘာလဲ....
ငါပေါင်မုန့်ကြီးမစားချင်ပါဘူး...."

အရေးကြီးအတန်းတခုရှိ၍အမြန်လာကာ
အတန်းထဲဝင်မည့်ဆဲဆဲဖုန်းဝင်လာတာကြောင့်
Jungkook သည်အတန်းထဲမရောက်နိုင်သေး။

ပန်းနုရောင်သမုဒ္ဒရာ🌸Where stories live. Discover now