"Jung....မနက်စာအတူစားရအောင်လေ...."
စာရေးစားပွဲပေါ်တကုတ်ကုတ်နှင့်စာရေးနေသော
စာရေးဆရာသည်ရေမချိုးတာ၂ရက်ရှိပြီဖြစ်ကာ
ဆံပင်စုတ်ဖွားဖြင့်မျက်မှန်တစ်လက်တပ်ကာ
ထိုင်ခုံပေါ်ဖင်တောင်ချမထိုင်နိုင်ငုတ်တုတ်ထိုင်ကာ
အလွန်အမင်းကြိုးစားနေသည်။"Jung....."
အခန်းတံခါးနားလေးကပ်ကာအလွန်အီသော
အသံလေးဖြင့်သမုဒ္ဒရာလေးကမြူစွယ်သော်
လည်းစာရေးဆရာမကြားနိုင်။"ယောကျ်ားရေ....မနက်စာအတူတူစားကြမယ်"
အနည်းအပါးအသိဝင်လာကာလှမ်းကြည့်
လာတော့ မြေခွေးလေးနည်းနည်းလေသွားသည်။
ချောက်ထဲကျနေသောမျက်လုံးတွေနှင့်
ဖရိုဖရဲ စာရေးဆရာသည် ပြန်အမ်းလိုက်ချင်စရာ။
စိတ်ညစ်သွားတာတော့အသေအချာပဲ။"ကိုယ် အရမ်း အရေးကြီးတဲ့အပိုင်းကို
ရေးနေလို့ သဲငယ်ရယ် Editတာလည်း
ခြောက်ခေါက်လောက်ရှိနေပြီ ခုထိစိတ်တိုင်းမကျ
သေးလို့လေ ဖက်တီးနဲ့စားလိုက်နော်...""ဖက်တီး က ငါ့ယောကျ်ားမှမဟုတ်တာ..."
စိတ်ဆိုး၍ပြောသောလေသံတော့မဟုတ်
အီအီလေးနဲ့ပင် တံခါးကိုလက်ညိုးလေးနဲ့
ခြစ်ကာ ဆိုလာသည်။"ဒါပြီးသွားရင် ကိုယ် သဲငယ်လေးကို
ဂရုစိုက်ပေးပါ့မယ်...ခုက စိတ်တွေ စိတ်တွေ
တအားများနေလို့..."ကြည့်နေရင်းရူးလာသလို စာရေးဆရာဟန်ပန်
တွေဟာ ထပ်မခေါ်ချင်စရာ။ဘယ်နှရက်ဆက်တိုက်
ဒါမျိုးကြီးမြင်နေရမှာလဲ။
ရက်တွေတော်တော်ကိုကြာနေပြီ။"အင်းပါ...ရေးရေး....ရေးပါ...."
ထမင်းစားခန်းထဲဝင်လာကာ ဖက်တီးနဲ့အတူ
မနက်စာစီစဉ်ပြီး ပျင်းတိပျင်းရွဲစားနေရသည်။
Jungကိုလက်ထပ်ခဲ့တာဘာမှနောင်တရစရာလည်း
မရှိဘူး အပူအပင်ဆိုတာအဝေးကြီး။
အချစ်ပြီးရင် အချစ်တွေပဲထပ်ဖြည့်ပြီး
သူဟာလုံးဝသဲသဲလှုပ်အချစ်ခံ။တစ်ချက်ပဲ...စာရေးဆရာစာတကယ်ရေး
နေတဲ့အချ်ိန်တွေတော့မပါခဲ့ဘူး။
ကမ္ဘာပေါ်ကစာရေးသူအားလုံးဟာအဲ့လိုပဲလား။
Jung က စာအုပ်ထုတ်ဖို့ကိုရည်ရွယ်ပြီး
အဲ့Story ကိုရေးနေတာ လချီနေပြီ။
YOU ARE READING
ပန်းနုရောင်သမုဒ္ဒရာ🌸
Romanceတဖက်ထဲစုန်ခဲ့ပေမယ့်.. သူ့ဘက်ကဆန်တက်လာတဲ့အခါ... ဒီရင်ခွင်မှာခြေရာငယ်တွေအပြည့်🌸