🌸22🌸

24.1K 2.6K 584
                                    

အချစ်လေးတစ်ခုရဖို့များရယ်
ခက်လိုက်တာ...
ဘယ်လောက်များစောင့်ရလို့...
ဘယ်နေ့တွေများရောက်ခါမှ
ခေါင်းလေးညိတ်ပါ့မလဲ......။
၁၅နှစ်လောက်စောင့်ဆိုင်းခဲ့ပြီးလို့...
ကိုယ်တော့ တစက္ကန့်လေးတောင် စိတ်မရှည်ချင်တော့ဘူး
သဲငယ်ရယ်.......။

"ရော့ မင်း စာ မင်းပြန်ယူသွား...
နောက်တစ်ခါအတန်းချိန်တွေမှာ...မရေးနဲ့..."

SimKimSeokJinသည်အရင်ကလိုအသံကုန်
မအော်ခဲ့...။ပြတ်တောင်ပြတ်တောင်းလေသံ
နဲ့အတူ သိမ်းသမျှတခုမှပြန်မပေးဖူးပေမယ့်
ဒီတစ်ခုကိုတော့ချက်ချင်းပြန်ပေးခဲ့သည်။

"ဟုတ်ကဲ့ Sam ကျတော့်ကိုခွင့်ပြုပါအုန်း...."

"အေး...."

စာရွက်လေးကိုင်ကာလှည့်ထွက်တော့မည့်ဆဲဆဲ

"Jungkook...."

Samခေါ်သံကြောင့်ပြန်လှည့်ကြည့်လိုက်တော့
Samမျက်နှာချောချောလေးသည်
ထူးဆန်းစွာ အရင်လိုမာန်မဲတင်းမာမနေဘဲ
နွေးထွေးနေသည်...။

"ချစ်ရင် စောင့်ရတယ်....အချစ်စစ်မှန်သမျှကလေ
လွယ်ကူတဲ့လမ်းမျိုးတော့မင်းကိုဖောက်ပေးမှာ
မဟုတ်ဘူး....အားတင်းထားပါ..
မင်း သမုဒ္ဒရာလေးက ...သမုဒ္ဒရာပီပီ
မာယာလေးများနေတာပါ...."

"ကျေးဇူးပါ Sam...ကျတော်မှတ်ထားလိုက်ပါ့မယ်..."

"သွားတော့...."

"ဟုတ်ကဲ့ ..."

Samရုံးခန်းထဲကထွက်လာပြီးမေဂျာရှေ့ကခုံတန်း
ပေါ်တွင်ထိုင်ကာစိတ်ထဲငြီးငြူနေသည်။
Jimin သည် ဘာတွေကိုစဉ်းစားနေသလဲမသိ..။
မေးတိုင်း ဝေ့လည်ကြောင်ပတ်လုပ်ကာ
အီလည်လည်လုပ်နေခဲ့တာကြီး...။
ရှက်လို့မူခဲ့တယ်ဆိုရင်လည်းတော်ရုံတန်ရုံ
ရက်လောက်ဆိုရင်ရပြီလေ.....။

တဖြည်းဖြည်းခေါင်းထဲဝင်လာတာက
သူ့ကို လုံးဝမချစ်နိုင်လို့....အားနာလို့မျက်နှာနာစရာ
မလို့ အဆင်ပြေအောင်များနေပေးနေတာလား
ဆိုတဲ့အတွေးလွန်မှုတွေ...။
ခရီးလမ်းတစ်လျှောက်လုံးSoobin နဲ့
သဝန်တိုပေးခဲ့မှုတွေကြောင့်အားတက်ကာ
ခြေလှမ်းတွေသွက်ခဲ့ရပေမယ့်...
Jimin က သူငယ်ချင်းတစ်ယောက်ကိုမပေးလိုက်
ချင်သောစိတ်ပဲရှိခဲ့ပြီး တကယ်တမ်းချစ်သူ
တစ်ယောက်လိုချစ်ရတော့မည်ဆိုတဲ့အခါ
သူ့ကို ဘယ်လိုမှခံစားလို့မရတာလား...။

ပန်းနုရောင်သမုဒ္ဒရာ🌸Where stories live. Discover now