🌸4🌸

17.3K 2.1K 408
                                    

"Jung.....ထပါအုန်း..."

ပုခုံးတွေအားလှုပ်နိူးလျှက်စိုးရိမ်ပူပန်သံဖြင့်
Jiminအသံကြောင့်မျက်လုံးတို့သည်ချက်ချင်းဆိုသလို
ပွင့်သွားကာ ထထိုင်မိရက်သား။

"ဘာလဲ...ဘာဖြစ်လို့လဲ...."

Jiminသည်ဘယ်တော့မှသူ့ထက်အရင်
အိပ်ယာမနိုးတတ်..။ထူးဆန်းစွာနိုးနေပြီး
တခုခုပြသနာတက်နေသလိုပုံစံသည်
စိုးရိမ်မှုရေချိန်အားပိုမြင့်လာစေပါသည်။

"ဟန်းချိန်းပျောက်နေလို့...တခန်းလုံးရှာတာ
ငါမူးနောက်နေပီ ညက ငါပြုတ်ကျခဲ့ပြီလား
မသိဘူး လုပ်ပါအုန်း....."

ပီးခဲ့တဲ့ခရစ်စမတ်တုန်းကJiminကိုသူ
လက်ဆောင်ပေးခဲ့သောစိန်ပွင့်သေးသေးများ
နှင့်ဟန်းချိန်းလေးသည်Jiminကြိုက်လွန်းစွာ
ပေးတဲ့နေ့ထဲက လက်ရှိအထိမချွတ်တမ်း
ဝတ်ခဲ့သည်။
စိန်တိုက်ပိုင်ရှင်၏သားတစ်ယောက်အနေနဲ့
လိုချင်သောပုံစံအားကိုယ်တိုင်ဒီဇိုင်းဆွဲကာ
တကမ္ဘာလုံးမှာမှ တခုတည်းရှိန်ုင်သော
ထိုအရာလေးသည် သူတို့နှစ်ယောက်လုံးအတွက်
တော်တော်လေးအရေးပါခဲ့တာမို့
Jiminတင်မက သူပါလန့်သွားခဲ့ကာ...

"ရေချိုးခန်းထဲရော မင်းညကရေချိုးသေးတယ်လေ"

"ပီးပီ..မတွေ့ဘူး....အိပ်ယာထဲမှာလည်း
ရှာပီးပီ...အရက်ဆိုင်မှာကျခဲ့တာလား
ပြန်လာတော့မူးမူးနဲ့ ပြုတ်ကျတာကို
ငါမသိလိုက်တာထင်ပါတယ်..."

အလွန်အမင်းစိတ်လှုပ်ရှားနေသော
Jiminသည်ခေါင်းတွေကုတ်ထား၍
လားမသိ အမြဲပုံကျနေသောဆံပင်
လေးတွေသည်ရှုပ်ယှက်ခတ်ကာ
လန်ပြန်နေသည်။

"စိတ်အေးအေးထားပါ..ငါတွေ့အောင်ရှာပေးပါ့မယ်
တကယ်လို့မတွေ့ခဲ့ရင်အသစ်တခုပြန်ဝယ်ပေးမယ်
လေနော်...ဘာမှမဖြစ်ဘူး..."

"ခရစ်စမတ်လက်ဆောင်ကွ
အဲ့လိုအလွယ်တကူအစားထိုးလို့ရမလား
အဲ့တာကိုပဲလိုချင်တာ..."

"အေး..အေးပါ...ဒီအခန်းထဲမှာအရင်ရှာမယ်
ပီးရင်မင်းညကပြန်လာတဲ့လမ်းတွေမှာ
လိုက်ရှာကြည့်လိုက်မယ်နော်..."

"ညက ငါပြန်လာတာ ပါမလာတာကို
မင်းမသိဘူးလား..."

"ငါသတိမထားမိဘူး...မင်းကအကျီလက်ရှည်
နဲ့ဆိုတော့လေ..."

ပန်းနုရောင်သမုဒ္ဒရာ🌸Where stories live. Discover now