🌸17🌸

20.6K 2.2K 491
                                    

ဒုတိယနှစ်......။

ကျောင်းပြန်ဖွင့်တယ်ဆိုရင်ပဲ....ကျတော်တို့
နှစ်ယောက်အဆောင်သို့အထုတ်ဆွဲကာ
ပြန်ပြေးလာခဲ့ကြသည်။
အိမ်မှာနေရတာမလွတ်လပ်.....
အမေတွေရဲ့ပူညံပူညံဆူပူမှုတွေကို
တော်တော်လေးဒုက္ခခံပြီးတဲ့နောက်အခန်းကျဉ်းလေး
ထဲသို့ပြန်ရောက်တော့မှ ကိုယ့်အိမ်ကိုယ်ယာလို
အားရပါးရအိပ်ယာပေါ်သို့ပြိုင်တူလှဲချလိုက်ကြသည်။

ကိုယ်တကယ်ပျော်ရာအရပ်ကကိုယ့်အိမ်ပဲမလား...။

ကျတော်ကစာအုပ်သမားကြီးပီပီကျောင်းစဖွင့်
ထဲကကျောင်းသွားတက်ပေမယ့်Jiminကတော့
မတက်သေး...။
အရှိိန်မသေသော ဝေဒနာတွေကြောင့်
ကိုယ့်ကိုကိုယ်သေချာပြင်ဆင်ပြီးမှပဲ
တက်တော့မယ်ဟုပြောကာအဆောင်မှာအိပ်လိုက်စား
လိုက်နှင့်.....။

ဘေးခန်းကNamJoon Hyung တို့နှစ်ယောက်
လည်းပြန်ရောက်လာကြသည်။
မာစတာတွေပါကုန်ကြတာလားဟု
အားကျစွာကျတော်ပြေးမေးတော့နှစ်ယောက်လုံး
စာမေးပွဲကျလို့တဲ့လေ....။

ရီရမလိုလို ငိုရမလိုလိုနှင့်တကယ့်အလွဲတွေ....။

ဒေါက်!ဒေါက်!.....။

မနက်စောစောအဆောင်တံခါးလာသောအသံ
ကြောင့်Jimin အိပ်နေရာမှလန့်နိုးသွားကာ
ဒေါသကအရင်ထွက်ပီးပီ..။
အိပ်မောကျနေသောအချိန်လန့်နိုးရတာလောက်
အသဲယားတာမျိုးမရှိ...။

ဒေါက်..ဒေါက်....။

Jungဘာလုပ်နေလဲဟုနားစွင့်မိတော့
ရေချိုးခန်းထဲကရေသံကြောင့်သူသွားမဖွင့်
ပေးလို့မရတော့ပါ။

"အိပ်လို့ကောင်းနေပါတယ်ဆိုမှကွာ...."

စောင်ပုံထဲကပျင်းတိပျင်းရွဲထကာ
တံခါးဆီသို့သွားပြီး Hoseokသာဆို
ဆဲပစ်ရန် ဖွင့်ပေးလိုက်သည်။
တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာ
သူတော်တော်လေး
မော့ကြည့်ရသောအရပ်အမောင်းတခု...။
NamjoonHyungကိုအရပ်ရှည်လှပီထင်တာ
အံ့ဩစွာကြောင်နေတုန်းမှာပဲ

"မင်္ဂလာပါ စီနီယာ...ကျတော်Soobinပါ...
စီနီယာJeonနဲဲ့ချိန်းထားလို့ပါ..."

ချောလိုက်တဲ့ကောင်လေး....။
သူတို့ကိုစီနီယာလို့ခေါ်ပုံအရဒီနှစ်မှ
ကျောင်းစတက်သောပထမနှစ်လေးဖြစ်လိမ့်မည်။

ပန်းနုရောင်သမုဒ္ဒရာ🌸Where stories live. Discover now