🌸27🌸

21.4K 2.2K 476
                                    

"ငြိမ်မနေနဲ့.....Jung...ငါ့ကိုအားမလိုအားမရ
ဖြစ်အောင်မင်းလုပ်မနေနဲ့...
ငါအဲ့ဒီစပ်စလူးတွေထက်...
မင်ယောင်းကို ပိုစိတ်တိုတယ် ဆရာကြီးအထာနဲ့..."

Jimin သည်မင်ယောင်းနဲ့သိပ်အဆင်မပြေခဲ့ကြပါ။
အကြောင်းပြချက်အမြောက်အမြားမရှိပေမယ့်
လည်း မင်ယောင်းဘက်ကလည်းကျတော့်အပေါ်
သူငယ်ချင်းပီပီသသဆိုးတူကောင်းဘက်
တစ်ချိန်လုံးရှိနေခဲ့သူမို့Jimin ပြောသမျှကို
သိပ်ဂရုမစိုက်။
သူငယ်ချင်းဆိုတဲ့အဖြူရောင်စည်းမှာသူမစိတ်လုံခြုံ
တာမို့ သက်သက်မဲ့ကြီးရှောင်ဖယ်တာမျိုးမရှိ။
ပြောစရာရှိရင်ပြောသည်
တွေ့စရာရှိလျှင်တွေ့သည်။
Jimin ဥပေက္ခာပြုခဲ့တဲ့အချိန်တွေထဲကအားပေးခဲ့သူ
တစ်ယောက်ထဲသောမလို့ ကျတော့်ဘက်ကလည်း
မခေါ်မပြောဘဲမနေနိုင်ခဲ့ပါ.။
ဒါဟာအရိုးသားဆုံးဝန်ခံမိခြင်း.....။

ကျတော်တို့ကောင်းမွန်အေးချမ်းတဲ့သံယောဇဉ်
တွေကိုတန်ဖိုးထားပေးရမယ်မလား...။

"မင်ယောင်းကစကားအပြောအဆိုသိပ်မတတ်လို့ပါ.."

"သူအပြောအဆိုမတတ်တိုင်း
ငါကသည်းခံပေးရမှာလား...
မင်း သူနဲ့ ပေါင်း ဖို့မလိုတော့ဘူး
နောက်တစ်ခါငါဘယ်တော့မှတွဲမမြင်ချင်ဘူး..."

"ငါ့မှာ သူငယ်ချင်း က သူပဲရှိတာ....
မင်းနဲ့ သိပ်မတွဲဖြစ်ခဲ့တဲ့အချိန်တွေထဲက
လည်း ....."

"Jeon Jung Kook!!!ငါမင်းချစ်သူနော်
မင်းကိုပိုင်တဲ့သူ..မင်းခြေဖျားကနေ
ဆံပင်တချောင်းချင်းစီအထိParkJimin
နဲ့ဆိုင်တယ်..အတိတ်ကအတိတ်ပဲ
ထားခဲ့လိုက်တော့ ခုငါရှိနေပီ...."

Jung သည်ခေါင်းတချက်နှစ်ချက်ကုတ်ကာ
ဆက်လက်ငြိမ်နေဆဲ...။

"သူငယ်ချင်းဆိုတာတန်ဖိုးထားရတယ်..
သူငယ်ချင်းတွေက ဒုတိယမိသားစုပဲ
ငါမင်းပြောတာကိုမလုပ်နိုင်ဘူးထင်တယ်
Jimin...ငါမလုပ်နိုင်တဲ့အလုပ်တစ်ခုကို
ကတိမပေးချင်ဘူး....
မင်ယောင်းလည်းမမှားသလို
ငါလည်းမှားနေတာမှမဟုတ်တာ...."

"ဘာပြောတယ်....ဘာပြောလိုက်တယ်!!!"

ခုံပေါ်မှာထိုင်နေသောစာရေးဆရာ၏
လက်မောင်းတွေကိုလှုပ်ရမ်းကာအော်ဟစ်
မေးတော့မျက်လုံးဝိုင်းကြီးတွေနဲ့ပြန်ကြည့်နေသည်။

ပန်းနုရောင်သမုဒ္ဒရာ🌸Where stories live. Discover now