🌸31🌸

18.4K 1.8K 300
                                    

နေ့ရက်တွေ...နာရီတွေဟာစိတ်ဆိုးစိတ်ကောက်
ရစ်လုံးများအောက် အလူးလူးအလဲလဲနဲ့
ကုန်ဆုံးလာခဲ့ရတာပဲ.....

ကျတော်ဖျားတောင်ယူရတဲ့ရန်ပွဲတစ်ခု
ပြီးတဲ့နောက်မှာ မင်ယောင်းကလည်း
ကျတော့်ကို သိတတ်စွာမခေါ်တော့ဘူး.....
ငယ်ရွယ်လွန်းတဲ့အပိုင်းအခြားတွေမှာ
ကျတော်တို့ နှလုံးသားတွေသိပ်နုနယ်ခဲ့ကြတယ်....။

Jimin ကိုမကျေနပ်တာထက်
ကျတော့်ကိုမင်ယောင်းကမခက်ခဲစေချင်တော့တာမို့
သူ့ဟာသူနေပေးသွားတယ်..။
စိတ်ထဲမကောင်းပေမယ့် ကျတော့်မြေခွေးလေးရဲ့
စိတ်ခံစားချက်ကိုပဲကျတော်ဦးစားပေးရမှာပေါ့။

Soobin ကတဆင့် ကူညီနိုင်တာလေးတွေ
အကျိုးအကြောင်းမေးမသိမသာကူညီပေး
ရုံကလွဲရင်ကျတော်တို့မျက်နှာချင်းတောင်
မဆိုင်ခဲ့ကြတော့ဘူး...။

ကျတော် သူငယ်ချင်းကို အဲ့ဒီလိုကျောခိုင်းခဲ့တယ်...။

နေ့တွေကုန်လာရင်း....Jiminလည်း
အပြင်းအထန်ကြိုးစားနေရကာ
နောက်ဆုံးနှစ်ရောက်လာတော့
ကျောင်းတောင်လာမတက်ရတော့တဲ့အထိ
နားလည်မှုနဲ့ပဲ မှတ်တိုင်တစ်ခုကို
တွန်းထိုး ပြေးသွားနေကြရတယ်...။

"တခါတလေကျ ထွက်သာပြေးလာပီး
ပုန်းနေချင်တယ် ပင်ပန်းလွန်းလို့သေမှာပဲ...."

ကြားရတိုင်း..ကျတော့်ဆံပင်တွေကိုဆွဲဖွကာ
ဘယ်လိုဖြေရှင်းပေးရမလဲမသိခဲ့...။
ကျတော်တို့အများကြီးဖြတ်သန်းလာခဲ့ပြီးပြီ
Training အစမှာတိုက်ခိုက်ပီးပီ
အလည်မှာရန်တွေဖြစ်ပြီးပြီ
တစုံတခုပြောင်းလဲတော့မယ့်အချိန်တွေမှာ
Jimin ဟာ ပင်ပန်းတယ်ဆိုတဲ့စကားကို
နေ့တိုင်းလိုလိုပြောနေတတ်တာကြောင့်
ကျတော် ကိုယ်တိုင်လည်းစိတ်စွမ်းအားတွေ
လျှော့ကျလာသည်။

ထွက်လာခဲ့တော့ဆိုတော့လည်းအချိန်တွေ
ချွေးတွေ ခံစားချက်တွေရင်းထားရတာ
နှစ်ယောက်လုံးနှမြောတာကြောင့်
အတတ်နိုင်ဆုံးတော့ ထိန်းထားကြရသည်။

Jimin ငိုလျှင်....အိမ်ကကျတော့်ကို
မရိုက်ရုံတမယ် ဝိုင်းအပြစ်တင်ကြသည်။
နင်မြှောက်ပေးလို့ နင်ပေါက်ကရတွေလုပ်လို့ဆိုတဲ့
လက်ညိုးတွေ...။
Jimin ကနှစ်အိမ်လုံးရဲ့အသက်မလို့
ဆက်ဆကိထိမခံ အရာအားလုံးကျတော့်ခေါင်းပေါ်မှာ...။

ပန်းနုရောင်သမုဒ္ဒရာ🌸Where stories live. Discover now