🌸23🌸

27.4K 2.3K 322
                                    

ချစ်ပါတယ်တဲ့
နီဆွေးဆွေးနူတ်ခမ်းလေးတွေကနေ...
ကြောက်ကြောက်လန့်လန့်ဝန်ခံခဲ့သော..
ပုံရိပ်ငယ်ကလေး......

ကျတော့်ဖဝါးကြီးကြီးတွေထဲအကြင်သူ့
လက်ဖဝါးသေးသေးလေးအောင်အောင်မြင်မြင်
တိုးဝင်ခဲ့ပြီးနောက်....ကျတော်ဟာ..
တစ်ခုပဲတွေးဖြစ်ခဲ့တယ်..

အတိတ်မှာရော...လက်ရှိပစ္စုန်ပန်ရော
အနာဂါတ်တွေအားလုံးအထိ....
ဒီလူသားလေးပျော်နေဖို့....
ဒီလူသားလေးပြုံးနေဖို့.....

ဒီလူသားလေးဟာ ကျတော့်စိတ်ဝိဉာဉ်ဖြစ်လာပြီး
ကျတော့် အသက် မလို့...
JeonJungkook ရဲ့ ဘဝ တစ်ခုမို့...။

"Jungရေ...ငါမင်းကိုချစ်ပါတယ်..."ဆိုတဲ့
စကားလေးတစ်ခွန်းနဲ့....
ကျတော် ပန်းနုရောင်လေးရဲ့နေ့ရက်လှလှလေး
တွေတိုင်းကို....ကျတော်အလှဆုံးဆေးတွေခြယ်ပေး
တော့မယ်.....။

ဒီနေ့ကစ ကျတော်ဟာJimin ရဲ့
ချစ်သူပါ.....။
နောင်သံသရာတစ်လျှောက်လုံးအထိ....။

...........

"ဟိုလူတွေတော့ မနက်ကငါးယောက်လုံး
တန်းစီကျောင်းထွက်သွားရပြီ...
ကျောင်းအုပ်ကြီးကဘာမှတောင်သိပ်မမေးဘူး
တခါထဲတန်းထုတ်တာ....
အကောင်ကြီးကြီးတွေဆိုတော့သူတို့မိဘတွေလိုက်လာ
ငွေအရှိန်နဲ့ဖိတာတောင်ဘယ်လိုမှမရဘူး...."

သတင်းလာမေးသောNamjoon Hyung နဲ့
Jackson Hyung သည်Jimin ကြိုက်တတ်သော
မုန့်တချို့နှင့်အခန်းထဲရောက်နေကြသည်။

Jungသည်ကြမ်းပြင်ပေါ်တွင်ထိုင်နေပြီး
အိပ်ယာပေါ်တွင်ခြေထောက်ချထိုင်နေသော
သူ့ရဲ့ခြေဖဝါးနဲ့ခြေခုံကပွန့်ပဲ့ရာတွေအား
ဆေးသေချာထည့်ပေးနေသည်။
Jung NamjoonHyungတို့ကိုတောင်
မနူတ်ဆက်ပါ...။သက်သက်မဲ့မနူတ်ဆက်တာ
မျိုးတော့မဟုတ်...သူဘေးဘီကိုလုံးဝအာရုံမရနေတာ..။

"ဟုတ်လား...တကွေ့ကွေ့တော့ပြန်တွေ့မှာပေါ့
Hyung တို့ရယ်..ကျတော်ငါးယောက်တစ်ယောက်
မလို့ မရုန်းနိုင်ခဲ့တာပါ..."

အနည်းငယ်ယောင်နေသောနေရာလေးအား
မတော်တဆထိမိတော့တွန့်သွားသည်။
ဒါတယောက်ယောက်ကဖိနပ်နဲ့တက်နင်းမိခဲ့
တဲ့ပုံရကာ ယောင်ယမ်းနေသည်။
ရင်ထဲကမုန်တိုင်းသည် ညထဲကခုထိမဆဲသေး..။
သူထားခဲ့လို့ ဖြစ်ရတာဆိုတဲ့....နောင်တသည်
ဒီခန္ဓာလေးပေါ်ကသွေးစက်လေးတစက်တွေ့တိုင်း
ကိုယ့်ကိုကိုယ်ပိုပိုခွင့်မလွှတ်နိုင်စွာ...။
တစ်ယောက်ယောက်များအချိန်မှီမတွေ့ခဲ့ရင်
ဆိုတဲ့ အတွေးဝင်လာပြန်တော့လည်း
အော်ဟစ်သာငိုလိုက်သည်အထိ...။

ပန်းနုရောင်သမုဒ္ဒရာ🌸Where stories live. Discover now