🌸Part38🌸(Part2)

28.1K 2.1K 770
                                    

ဆေးရုံမှာရက်တချို့နေပြီးတဲ့နောက်....
သေချာဂရုတစိုက်အစားစားပြီး
အချိန်မှန်အိပ်ဖို့ ဆရာဝန်တွေကအထပ်ထပ်မှာကာ
ဆေးရုံမှဆင်းခွင့်ပေးလိုက်သည်။

အိမ်ပြာပြာလေးဆီကိုသာပြန်မယ်လုပ်နေတာ
ကြောင့်ခေါင်းမာလွန်းသောစာရေးဆရာကို
နှစ်အိမ်လုံးကဝိုင်းချော့မော့ကြပေမယ့်လည်း
အဆင်မပြေခဲ့။နောက်ဆုံး အမေဖြစ်သူက
တော့မဖြစ်မနေလိုက်နေရမှဖြစ်မယ်ဟု
တောင်းတောင်းပန်ပန်ဝိုင်းပြောတော့
ခေါင်းမညိတ်ချင်ညိတ်ချင် ညိတ်ခဲ့သည်။

အရှင်းမပျောက်သေးသောချိနဲ့နဲ့ပုံစံနဲ့
ပဲအိမ်ပြန်လာခဲ့ရသည်။
ပြန်လာပီးတဲ့နေ့တွေမှာတော့သူအိပ်ယာထဲကမထနိုင်သေး
စိတ်ခံစားချက်တွေကိုလည်း
ခေတ္တမေ့ထားကာ ဝေဒနာကိုအရင်ပျောက်အောင်
နေသာအောင်ပြန်ဂရုစိုက်ရသည်။

Jimin Parisမှာတဲ့.....။
ကျတော်ထုတ်မမေးပေမယ့်
မေမေပြောလာသည်..။
ဆေးရုံမှာဒါကိုမပြောခဲ့ကြ...။
ကျတော်ကလည်းမမေးခဲ့ဘဲ ဝန်ခံရမည်ဆို
တစ်ရက်ရက်တော့လာကြည့်လိမ့်အုန်းမည်ဟု
ထင်ခဲ့တာ...။

လှုပ်ရှားနိုင်သောရက်တရက်မှာတော့
စာကြည့်စားပွဲမှာ
ထိုင်ပြီးLabtopဖွင့်ကာJimin ဟုရိုက်ရှာလိုက်သည်။

Paris မြို့မှာအစွမ်းကုန်လှနေသော
လူသားငယ်သည်ပွဲတွေဆိုနေသည်။
တစ်စုံတစ်ခုလေးများစိတ်မကောင်းဖြစ်သွား
မလားလို့ ထင်၍ အင်တာနက်ပေါ်ကြည့်မိခဲ့တာ။
နေမြဲအတိုင်း အလှဆုံးတွေပြုံးကာစင်ပေါ်တွင်
ခုန်ပေါက်နေသည်။

ကြားပါသည်...သူဆေးရုံမှာသတိမရတရအချိန်
တီတီက လိုကိလာဖို့အတင်းအကျပ်ပြောနေပေမယ့်
အရိပ်အယောင်လေးတောင်မမြင်ခဲ့ရသော
ကောင်လေးကို။လွန်မာခဲ့တာ ကျတော်ပေမယ့်
ဝေဒနာဆိုးတဲ့အချိန်တော့ မျက်နှာလေးဖြစ်ဖြစ်
တော့မြင်ချင်သေးပါသည်။
တင်းမာနေကာမှတင်းမာနေရော...
မျက်စောင်းထိုးနေကာမှထိုးနေရော....
အဆုံးအထိကို ကျတော့်အပေါ်စိတ်နာသွားခဲ့တဲ့သူ။

စည်းချက်တွေအတိုင်းအမှားအယွင်းမရှိစွာ
ရေကုန်ရေခမ်းဖျော်ဖြေသွားမှုကိုကြည့်ပြီး
ခေါင်းတဆက်ဆက်ငြိမ့်မိခဲ့သည်။
တစ်ခါမှမဖွင့်ဖြစ်ခဲ့တဲ့ဖုန်းကိုကိုင်ကြည့်ကာ
ပြန်ချထားလိုက်သည်။
ဝင်လာစေချင်တဲ့ဖုန်းတCallဟာဘယ်တော့မှ
ဝင်လာမှာမဟုတ်တော့.....။
အတိုင်းအတာမဲ့ဦးနှောက်မရှိပြောထွက်ခဲ့သော
စကားတွေကြောင့် ချွင်းချက်မရှိ ပြတ်သားနိုင်
ကြောင်း ပဲရစ် မြို့က နေ အသံတိတ်သက်သေပြပြီးပြီလေ။

ပန်းနုရောင်သမုဒ္ဒရာ🌸Where stories live. Discover now