🌸9🌸

15.6K 2K 322
                                    

ကျောင်းညစာစားပွဲ၏ဖျော်ဖြေမှုသည်
တက္ကသိုလ်တခုလုံးအတိုင်းအတာနှင့်
မို့ပါဝင်မည့်ကျောင်းသားကျောင်းသူတိုင်း
ဟာကွက်တခုမှမရှိရလေအောင်ကြိုးစား
လေ့ကျင့်ကြသည်။

အနုပညာတက္ကသိုလ်၏မေဂျာစုံမှ
ထွန်းထွန်းပေါက်ပေါက်ကျောင်းသားကျောင်းသူ
များကသူ့ထက်ငါပိုသာလွန်အောင်
အပြိုင်အဆိုင်ကျဲပြမည့်ပွဲကို
တခြားကျောင်းတွေ..သတင်းမီဒီယာများကလည်း
စိတ်ဝင်တစားရှိတတ်ကြသည်။

ဖျော်ဖြေပွဲပီးလျှင်လုပ်မည့်ပျော်ပွဲရွှင်ပွဲ
သည်လည်းစိတ်လွတ်ကိုယ်လွတ်
ကခုန်ကြရင်းသိပ်ပျော်စရာကောင်းကြောင်း
နာမည်ကြီးလှသည်။

Jimin နဲ့Hoseokသည် Soloတပုဒ်စီ
ပါဝင်တာကြောင့်ခန်းမထဲအပြင်းအထန်
လေ့ကျင့်နေကြသည်။

Jimin သည်ခုရက်ပိုင်းတွေအတွင်း
ခံစားချက်တွေကောင်းလှသဖြင့်
နည်းပြကဘာလေးပဲပြလိုက်ပြလိုက်
တက်ကြွစွာအခက်အခဲမရှိစွာ
စိတ်ပါလက်ပါ ကခုန်နိုင်ခဲ့သည်..။

MinYoongi နဲ့နေ့တိုင်းတွဲသွားတွဲလာ
လုပ်ရင်း ဟိုမရောက်ဒီမရောက်
အခြေအနေလေးတွေတွင်
ပျော်မွေ့ကာ တကျောင်းလုံး၏
ဘာတွေလဲ..ဆိုသောအကြည့်တို့ကို
စပ်စပ်စုစုရတိုင်း သူကျေနပ်မြဲ...။

သေချာတာကတော့Hyungလည်း
သူ့ကိုစိတ်ဝင်စားနေပြီ...။

နေ့တိုင်းလိုလို...Hyungဆီပြေးကာ
ရှိရှိသမျှမာနတွေအားလုံးခဝါချပြီး
နည်းမျိုးစုံနဲ့ခြွေနေတာ
မကြွေဘဲရောနေမလားလေ...။

ကိုယ့်ကိုကိုယ်ယုံကြည်မှုလွန်ကဲခြင်း
တွင်Jiminသည်သေချာပေါက်
MinYoongiလည်းရင်ခုန်နေပါပြီဟု
တရားသေသတ်မှတ်ခဲ့သည်။

Hyungကတစ်ခါတစ်လေ စိတ်ညစ်နေတဲ့
ပုံ တွေဝေနေတတ်တဲ့ပုံပေါ်နေတတ်ပေမယ့်
ခုရက်ပိုင်းတွေတော့သူနဲ့အဆင်ပြေအောင်
နေပေးခဲ့သေးသည်။

ဘယ်လိုတွေးတွေး သူ့ကိုသဘောမကျနိုင်မယ့်သူ
ဘယ်သူများရှိနိုင်လို့လဲ....။

မနက်လင်းတိုင်းဖုန်းပြောမည်...
အတန်းတွေမရှိလျှင်ကန်တင်းတွေဆုံမည်...
မဆုံဖြစ်လျှင် Hyungမေဂျာသို့
သူပြေးသွားမည်...။
လေ့ကျင့်ရေး အရေးကြီးလျှင်Hyungကို
သူ့မေဂျာသို့မရရအောင်ခေါ်မည်..။
သူကတာကို ဝေဖန်ခိုင်းမည်...။

ပန်းနုရောင်သမုဒ္ဒရာ🌸Where stories live. Discover now