ပန်းခြံနားသို့ကားရပ်လိုက်ပြီးသည်နှင့်
အပြေးအလွှားဘယ်နားလေးမှာပေါက်ကွဲထွက်
တော့မည့်မီးတောင်လေးရှိနေမလဲဟု
လိုက်ရှာရသည်။မကြာပါ ခုံတန်းလေးတခုပေါ်တွင်
အစိမ်းရင့်ရောင်LongCoatလေးနှင့်
ထိုင်နေသောကောင်လေးအား
ခေါင်းငိုက်စိုက်ဖြင့်တွေ့လိုက်ရသည်။နာရီပေါင်းများစွာလှောင်ပိတ်နေသော
ဒေါသများသည်ဘယ်လောက်တောင်မှ
များနေလိုက်မလဲ....။
JungKookသည်ခြေလှမ်းမြန်မြန်လှမ်းကာ
အတတ်နိုင်ဆုံး ခြေသလုံးဖက်တောင်းပန်ရမယ်
ဆိုရင်တောင် တောင်းပန်ဖို့ဆုံးဖြတ်ထားလိုက်သည်။
အရေးအခင်းတစ်ခုဖြစ်သွားတဲ့အခါ
ရုတ်တရက်ဆန်သောအခြေအနေများတွင်နှစ်ဖက်လုံးကို
ပါးနပ်စွာမကိုင်တွယ်တတ်သောရိုးရှင်းသော
စိတ်သည်ဒီတခါတော့သူ့ကိုကောင်းကောင်း
ဒုက္ခပေးပြီ....။"သဲ..ငယ်....!!"
အသံကြားတော့ ဖြေးဖြေးချင်းမော့ကြည့်လာသော
မျက်လုံးတွေ....ငိုထား၍နီရဲနေကာ
မီးပွင့်မတတ်ကြည့်နေတာကြောင့်သူချက်ချင်း
မြေပြင်ပေါ်ဒူးထောက်လိုက်သည်။"တောင်းပန်ပါတယ်....."
ဘာမှပြန်မပြော၍မျက်နှာလေးအားထပ်ကြည့်
လိုက်တော့ နားရွက်ဖျားတွေပါရဲတက်နေသည်။
စိုက်ကြည့်နေသောအကြည့်တွေကတော့
အရောင်ဖျော့မသွားသေး...။"အခြေအနေက
အရမ်းဆိုးလို့ ထားခဲ့လို့မရလို့ပါ..
ကိုယ်မင်းကိုအကျိုးအကြောင်းပြောပြချင်ပေမယ့်...""ငါ ဒီအလုပ်ကိုဆက်မလုပ်တော့ဘူးJeon JungKook
မနက်ဖြန်ကစပီး လျော်စရာရှိတာ
လျော်ပီး ထွက်မယ်...""သဲငယ်....."
လက်ဖျားလေးကိုလှမ်းဆွဲလိုက်တဲ့အခါ
ချက်ချင်းပြန်ရုန်းသွားသည်။"ငါ့ကိုမထိနဲ့....!!!!"
အော်လိုက်သောအသံသည်ပန်းခြံတခုလုံး
ဟိန်းခနဲ။စိတ်ကိုကောင်းစွာမထိန်းချူပ်နိုင်ခြင်း
ကလည်းJimin ရဲ့အားနည်းချက်တခု...။"ဘာဆိုင်လို့လဲ....မင်းအလုပ်နဲ့ဒီပြသနာက
ဘာမှမဆိုင်ဘူးလေကွာ ကိုယ့်ကိုရိုက်ချင်နေတာ
မလားရိုက်ပါ...စိတ်လိုက်မာန်ပါတွေ
မဆုံးဖြတ်ပါနဲ့..."
YOU ARE READING
ပန်းနုရောင်သမုဒ္ဒရာ🌸
Romanceတဖက်ထဲစုန်ခဲ့ပေမယ့်.. သူ့ဘက်ကဆန်တက်လာတဲ့အခါ... ဒီရင်ခွင်မှာခြေရာငယ်တွေအပြည့်🌸