🌸26🌸

23.6K 2K 388
                                    

အချစ်ဆိုပေးဆပ်ခြင်းလား
ရယူခြင်းလား..
ဒီအတွေးအခေါ်တွေကရိုးအီပါတယ်......
ကျတော့်အတွက်တော့ ကျတော့်ကိုယ်ပိုင်မူဝါဒနဲ့
အချစ်ဆိုတာ JeonJungkook ရဲ့ဖြူစင်ခြင်းတွေပါပဲ....။

အရိုးသားဆုံးသောစိတ်ဝိညာဉ်လေး
အလွယ်ကူဆုံးသောပုစ္ဆာလေးကJungပဲ.....

Jung က တန်ဖိုးရှိအောင်နေထိုင်နေတာမျိုးမဟုတ်ဘဲ
တစ်ခါတစ်ရံ...ကျတော့်ကိုရိုးသားစွာ
သတိလက်လွတ်ငေးကြည့်နေတာလေးကတောင်
ထိုပုံရိပ်လေးတွေက သိမ်းယူထုတ်ပိုးပစ်လိုက်ချင်
သည်အထိ ကျတော့်အတွက်တန်ဖိုးမြင့်ခဲ့တယ်......။

Jung ရဲ့အချစ်က အမွှေးနံ့လေးရရခြင်း
အလောတကြီးရှုရှိုက်လို့ အနှစ်သာရမတွေ့နိုင်ဘူး
တနေရာရာဆီက လာနေတဲ့ ခပ်သင်းသင်းအနံ့လေး
ကိုလေသင့်ရာအတိုင်းရှုရှိုက်ရင်း နီးလာလေ
အမွှေးနံ့လေးတွေများလာလေ...ပိုနီးလာလေ
ပိုရီဝေလာလေ....အနီးကပ်ဆုံးရောက်တဲ့အခါ
မူးမိုက်မတတ်...ချိုအီအီအချစ်မျိုးလေး....။

စမ်းချောင်းရေလေးလို အေးချမ်းစွာအချစ်ခံချင်လျှင်
ဆံပင်ပန်းနုရောင်တွေကြားမထိတထိနမ်းပေးတယ်

Levender ပန်းနံ့တွေလို မျောမျောလွင့်လွင့်
အချစ်ခံချင်လျှင်ပြတင်းပေါက်ဘောင်ပေါ်
ချီတင်ပြီး နီးနီးကပ်ကပ်အချစ်စကားတွေပြောတဲ့အခါ
ကျတော့်မျက်လုံးထဲ ခရမ်းရောင်တွေကြီပဲ..။

ခိုးသောက်နေကျ ဝီစကီ တခွက်လို..အချစ်ခံချင်လျှင်
Jung ကနူတ်ခမ်းတွေကိုစုတ်ယူပြီး
တခြားကမ္ဘာတခုကို ရူးရူးမူးမူးပဲ
ခေါ်သွားတတ်တယ်......

Jung ဟာ...ပုံသေနည်းတခုထဲနဲ့ချစ်ပြတတ်တာ
မျိုးမဟုတ်...ကျတော်လိုအပ်ရင်လိုအပ်တဲ့
အတိုင်း....ဖယောင်းပျော့ပျော့လေးလိုပဲ
ပုံစံပြောင်းဖို့သိပ်လွယ်ကူတယ်.......။

Japan ကပြန်လာပီးတဲ့နောက်ပိုင်းကျတော်တို့
အရင်ကထက်အဆပေါင်းများစွာရင်းနှီးသွား
ခဲ့တယ်...။

အရင်ကစနမ်းတဲ့သူရှက်ကြေး.......။

ခုတော့ ဘယ်သူကဘယ်သူ့ကိုစနမ်းနမ်း
ဘယ်ကစရှက်ရမှန်းမသိတော့....။
ကျောင်းထဲမှာ ကျတော်တို့နှစ်ယောက်ဟာ
သိပ်မျက်စိနောက်စရာအတိကောင်းတဲ့အတွဲ...။

ပန်းနုရောင်သမုဒ္ဒရာ🌸Where stories live. Discover now