🌸19🌸

21.7K 2.2K 667
                                    

ကျောင်းလေ့လာရေးခရီးစဉ်နေ့........။

မနက်စောစောအရောင်အသွေးစုံလင်လှသောကျောင်း
သားကျောင်းသူများသည်အထုတ်အပိုးကိုယ်စီ
ဖြင့်စီးရမယ့်ကားအကြီးကြီးတွေဘေး
စုရုံးရောက်ရှိနေကြသည်။

ကျောင်းလေ့လာရေးခရီးစဉ်မျိုးဆိုတာ
ကျောင်းသားဘဝအမှတ်များစွာအနက်
အမှတ်ထင်ရဆုံးအဖြစ်အပျက်လေးဆိုလည်း
မမှားတာမို့အားလုံးသည်ပျော်ပျော်ရွှင်ရွှင်ပင်
ထွက်ခွါမည့်အချိန်အားစောင့်နေကြသည်....။

"ဟဲ့...ဟဲ့...ဟိုမှာကြည့်ပါအုန်း......"

ကောင်မလေးများသည်တယောက်ကိုတယောက်
လှမ်းပုတ်ရင်းလက်ညိုးတထိုးထိုးဖြင့်
မြင်ကွင်းတခုအားပြနေကြသည်။
ကောင်မလေးအုပ်စုနည်းတူတခြားကျောင်းသား
များသည်လည်းလှမ်းကြည့်နေကြကာ
ပြုံးမိတဲ့သူကပြုံး မဲ့သွားတဲ့သူကလည်းမဲ့ရင်း..။

ParkJiminသည်အနက်ရောင်TShirtပေါ်မှာ
နီရဲတောက်နေသောအနွေးထည်လှလှလေးကို
ထပ်ဝတ်ထားကာခရီးသွားရမှာမို့
အရောင်ပြောင်းထားသောဆံပင်တွေက
ပန်းနုရောင်တွေ...။
ကျောင်းမှာသိပ်တောက်ပပေါ်ထင်လှသော
အရောင်တွေဆိုးခွင့်မရှိသော်လည်း
ခရီးသွားမဲ့အချိန်ကျမှ ဗြုန်းခနဲလုပ်လာတာ
ကြောင့်သွားပြန်ပြင်လို့လည်းလုပ်၍မရတော့...။

Jimin ကကျောင်းစည်းကမ်းလည်းသိပ်လိုက်နာ
တတ်ပါသည်... ။

အညိုရင့်ရောင်နေကာမျက်မှန်ကိုတပ်ထားကာ
ကျောပိုးအိတ်အမဲလေးလွယ်ထားလျှက်
ကျပ်ကပ်နေသောဘောင်းဘီအနက်သည်
ခန္ဓာကိုယ်နှင့်တသားထဲ....။
ဖိနပ်ခပ်မြင့်မြင့်စီးထားကာဆံပင်တွေကို
ထိုးဖွလျှက်ထွက်လာတော့သည်။
လူတွေသည်Jimin ကိုငေးရင်း
မျက်တောင်မခတ်မိကြ...
ကျောင်းရဲ့နာမည်ကြီး....ကျောင်းပြင်ပအထိ
ပေါက်ပေါက်ရောက်ရောက်ရှိသော
အကသမားလေးပီပီ ကြွရွစွာတလှမ်းချင်း
လျှောက်လာနေသည်...။

ငိုထားရသောအရှိန်တွေ စိတ်ဖိစီးမှုတွေကြောင့်
ပါးမှာနီရဲနေသောဝက်ခြံသေးသေးလေးကလည်း
သူ့မျက်နှာ၏ထည်ဝါမှုကိုနည်းနည်းလေး
တောင်လျှော့ကျမသွား....။

ပန်းနုရောင်သမုဒ္ဒရာ🌸Where stories live. Discover now