🌸Ending🌸(Pt1)

32.5K 2K 622
                                    

"ဒီစာချူပ်ကအရေးကြီးတယ်...ဥက္ကဌ
အစည်းအဝေးမှာအားလုံးကိုအသေးစိတ်
ရှင်းပြပေးနိုင်ဖို့လည်းပြင်ဆင်ပေးထားပါတယ်"

နိုင်ငံခြားCompany တခုနဲ့ချိတ်ဆက်ပြီး
ကြီးမားတဲ့ရင်းနှီးမြုပ်နှံမှုအတွက်
ဥက္ကဌJungနှင့်ဝန်ထမ်းတချို့
စာရွက်စာတန်းကိုယ်စီကိုယ်လျှက်အလုပ်ရှုပ်နေကြသည်။
ဥက္ကဌလေးသည်စာရွက်တွေကိုလမ်းမြန်မြန်
လျှောက်ရင်းမှကြည့်သွားကာဘေးကဝန်ထမ်းတွေ
ကိုအမှားအယွင်းမရှိဖို့လည်းသေချာမှာကြားနေသည်။
လုပ်ငန်းတစ်ခုအတွက်အရမ်းအရေးကြီး
နေသောအခြေအနေတွေပါပဲ......။

Meeting Roomထဲတွင်နိုင်ငံခြားCompany
ကလုပ်ငန်းရှင်များရောက်နေကာ
Jung သည်ခြေလှမ်းတွေချဲ့ထွက်နိုင်သည့်အတွက်
လည်းအရမ်းတက်ကြွနေခဲ့သည်။
Meeting Roomထဲဝင်မည့်ဆဲဆဲတုန်ခါလာသည့်
ဖုန်းကြောင့်ခြေလှမ်းတွေရပ်သွားကာ
ဖုန်းကိုင်ရသည်။

"Hello.....သဲငယ်..."

"ယောကျ်ားJung....အလုပ်ရှုပ်နေလား...."

ချိုအီပျစ်ချွဲနေသောအသံသည်ဥက္ကဌကြီး၏
စာချုပ်ကိစ္စကိုခပ်ဝေးဝေးသို့ခဏတဖြုတ်
လွင့်သွားစေသည်။ပြုံးယဲ့ယဲ့နူတ်ခမ်းတွေသည်
မသိမသာသဘောတကျ။

အသံနဲ့လူသတ်လို့ရတဲ့ Vocal Color မျိုး.....။

"နည်းနည်းပါ...သဲငယ်ဘာဖြစ်လို့လဲ..."

"Babeနဲ့အတူတူနေ့လည်စာစားနေတာ
Babe အစာလေး တွေ ကုန်ခါနီးနေပီ
ယောကျ်ားJung ရယ် သဲငယ်
အလုပ်ရှုပ်တာမျိုးမဟုတ်ပေမယ့်လေ
အလုပ်ကပြန်လာရင် အစာလေးဝယ်ခဲ့ပေးပါနော်...."

"အင်း ဝယ်ခဲ့ပေးမယ်...သဲငယ်လေးရော
ဘာမှာချင်သေးလဲ....."

"Dramaတွေထပ်ဝယ်ခဲ့ပေးပါအုန်း
ခုကြည့်နေတဲ့ဟာကသိမ်းတော့မယ်
ဟိုအရမ်းဝမ်းနည်းရတာလဲမဝယ်နဲ့
ပီးရင် ဂျယ်လီ ဗူးလေးတွေလေ
ယောကျ်ားJungသိတယ်မလား ဟိုတစ်ခါတုန်းက
ဝယ်ကျွေးတာ အဲ့ဒါလေးတွေလည်းဝယ်ခဲ့ပါအုန်း
အဓိကကတော့ Babeအတွက်အစာပဲ
မမေ့ရဘူးနော်..."

"မမေ့ပါဘူး ဖက်တီးကောင် မစားရရင်
ပြသနာရှာမယ်ဆိုတာ ကိုယ်သိပါတယ်..."

ပန်းနုရောင်သမုဒ္ဒရာ🌸Where stories live. Discover now