🌸Part35🌸(Part2)

19K 1.8K 403
                                    

"ငါတို့အပီးလမ်းခွဲဖို့စကားခဏပြောရအောင်Jimin"

ဖုန်းကိုင်ထားသောလက်တို့တုန်ခနဲ။
သူသက်သက်မဲ့ဒီကိစ္စကိုလုပ်ခဲ့တာ။
ရှင်းရှင်းပြောရရင် Jung မကြိုက်မှန်းသိလို့
ရွေးလုပ်ခဲ့တာ။

နှင်ထုတ်ခံရတာ
စိတ်ပျက်စရာကောင်လိုဆက်ဆံခံရတာ
ပြသနာလူလိုကြည့်နေတာကိုမခံချင်လို့
ရွဲ့ပစ်ခဲ့တာ။

Jungဟာ သူ့ဘဝအပေါ်သိပ်Serious ဖြစ်ကာ
အထိမခံနိုင်တာကိုသိတာကြောင့်
ဆိုးလက်စနဲ့ တနိုင်ငံလုံးအနေအထား
တကမ္ဘာလုံးအနေအထားနဲ့ကိုဝက်ဝက်ကွဲ
ဆိုးပစ်လိုက်တာ....။

မိန်းမတစ်ယောက်နဲ့ကားထဲမှာ.
Jung ဘယ်လောက်စိတ်တိုနေမလဲသိပါသည်။
နောက်တစ်ခါ ဘယ်တော့မှသူ့ကို
ဟိုနေ့ကလို မဆက်ဆံရဲတော့အောင်
ပညာပြလိုက်ခြင်း...။

ဒါပေမယ့် Jung အသံတွေကတမျိုးပဲ..။
အေးစက်လွန်းကာသိပ်ကြောက်စရာ
ကောင်းနေပါသည်။

"မအားဘူးငါ့ကိုဘယ်မှမလွှတ်ဘူး
သတင်းထောက်တွေဝိုင်းလိုက်နေလို့
မင်းနဲ့ငါပြောစရာလည်းဘာမှမရှိဘူးလေ
မင်းပဲငါ့ကို မမြင်ချင်ဘူးဆို..."

"မင်း CEOကို ငါတွေ့ပြီး
ခေါ်ထုတ်မယ်..."

"တအားတွေကိုဖြစ်နေတာပဲ...ငါ
မြို့ပြင်ကအိမ်မှာ ငါ့ကိုဝိုင်းရှာနေလို့
ရှောင်နေတာ..မြင်ချင်ရင်တော့လာပေါ့..."

ခုထိခုထိပေါ့ပေါ့လေးရွဲ့နေတုန်း...။
Internet ပေါ်တွင် ကမ္ဘာကပျက်နေပြီ။

ကားပြန်ကွေ့လိုက်ကာအိမ်ပြာပြာဆီသို့
ဦးတည်လိုက်သည်။
ဒီနေ့မှ ခေါက်ရိုးမကျိုးလျှင်
သူဘယ်တော့မှကျိုးမှမဟုတ်တော့..။
တစ်သက်လုံးကျတော့်အပေါ်မခန့်လေးစား
မကြောက်မလန့်ဖြင့်လုပ်ချင်ရာပဲ
လုပ်နေအုန်းမှာ....။

အမြန်ဆုံးအရှိန်နဲ့မောင်းလာပြီးသောအခါ
ခြံဝန်းထဲကားထိုးပြီးအိမ်ထဲဝင်သွားလိုက်
တော့ စားပွဲပေါ်တွင် ပန်းသီးထိုင်စား
နေသောသူ...။

"မြန်လိုက်တာ....ဘယ်နှမိုင်နူန်းတွေနဲ့များ
မောင်းလာတာလဲ..."

"မင်းဘာလုပ်လိုက်တာလဲ...."

ပန်းသီးတစိတ်အားစားမလိုလိုယူ
ပီးမှပန်ကန်းထဲပစ်ချလိုက်ကာ

ပန်းနုရောင်သမုဒ္ဒရာ🌸Where stories live. Discover now