🌸21🌸

24.3K 2.2K 476
                                    

ဘဝမှာတစ်ခါလေးမှ
သံသယမဝင်ခဲ့ဖူးသောJungနှလုံးသားအား
ပွင့်ပွင့်လင်းလင်းမြင်ခဲ့ရတဲ့အခါဆောက်တည်ရာ
ကိုမရခဲ့....

Jungကရိုးရှင်းသူတစ်ယောက်ဖြစ်ခဲ့ပေမယ့်
အချစ်ကိုဖွင့်ပြောပြတဲ့အခါ...ရှက်ကြောက်နေခြင်း
တုံတိဘာဝေဖြစ်နေခြင်း..တွေဝေနေခြင်းတို့
ဘာတစ်ခုမှမရှိနေခဲ့ပါ....။

ပြောပြချင်သောစကား..ဖြစ်ချင်ခဲ့သော
ဆန္ဒကို လေးလေးစားစား သေသေချာချာ
ပြောပြခဲ့သည်....။
အံ့အားသင့်တာရော မမျှော်လင့်ထားမှုတွေနဲ့ရော
နဲ့Jimin ဟာ ထွက်ပြေးခဲ့ရုံအပြင်ဘာမှမတတ်နိုင်ခဲ့။

ခရီးမှဆိုးလ်ကိုပြန်လာခဲ့ကြသည်။
Jungက ချစ်စကားကြိုက်စကားတွေဖွင့်ဟ
ပြောပီးလို့လည်းသူ့အပေါ်ရှိန်နေခြင်းရှက်နေခြင်း
မျိုးမရှိ...။အရင်ကအတိုင်းပဲအပြန်လမ်း
တစ်လျှောက်လည်းအရိပ်တကြည့်ကြည့်ဖြင့်
ဂရုစိုက်ပေးခဲ့သည်...။
ပို၍သဲသဲလှုပ်လာသည်ဆိုလျှင်ပိုတိကျလိမ့်မည်..။

Jung နဲ့ သူ့ကြား အရှက်တရားဆိုတာ
ထားစရာမလို ဘာစည်းဘာဘောင်
ဘာမှဂရုစိုက်မလို ဟာလာဟင်းလင်း
နေခဲ့ပြီးမှ မေတ္တာတွေရှိနေကြောင်း
ယောကျ်ားပီပီသသဝန်ခံခဲ့သော
စာရေးဆရာကို သူကသာလျှင်တဖက်သတ်
ရှက်နေကာ..မသိလျှင်သူကရည်းစားစကား
စပြောထားသလို မနေတတ်မထိုင်တတ်...။

အကြည့်တွေသည်အချစ်တွေပါလာသည်..
အပြုအမူတွေသည် ချစ်သူဆန်လာသည်
စကားလုံးတွေထဲတွင်မေတ္တာတို့
ရောနှောပျော်ဝင်ကာ စာရေးဆရာသည်
တစ်ခါတစ်ရံအသက်ရှုဖို့မေ့မေ့သွားအောင်လည်း
ပိုကဲစွာ ကြင်နာပြသည်...။

အရင်ကသူငယ်ချင်းပဲ
ဒီကောင်ငါနိုင်တယ်
ဘာမှမဟုတ်ဘူး...ဟုJungဘာတွေပဲလုပ်လုပ်
သိပ်မခံစားခဲ့ပေမယ့် ခုချိန်တွင်တော့"အေးမယ်"ဟု
ခပ်တိုးတိုးဆိုကာ မာဖလာလေး ပတ်ပေးတာက
အစ..တောင်ဆယ်ကျော်သက်ကလေးလို
မျက်လုံးအဝိုင်းသားဖြင့်ရယ်......။

ကျတော် တော်တော်လေးနေရထိုင်ရခက်နေခဲ့တာပါ..။

ကျောင်းရှေ့ကိုကားတွေပြန်ဆိုက်ပြီး
အထုတ်ကိုယ်စီနဲ့ဆင်းလာတော့
ကျောင်းပေါက်ဝတွင်အဆင်သင့်စောင့်နေသော
Jeonအိမ်တော်ကကားအနက်ကြီးတွေ...။

ပန်းနုရောင်သမုဒ္ဒရာ🌸Where stories live. Discover now