🌸24🌸

27K 2.2K 489
                                    

မျှော်လင့်ထားတယ်ရယ်လို့လည်းမဟုတ်...
ကံကြမ္မာရဲ့အချိုးအစားကျရေးဆွဲခဲ့မှုမှာ
အနှစ်၂၀ကျော်အတူတူရှိခဲ့ပီးတဲ့နောက်
ကျတော်.Jung လက်တွေကိုတက္ကသိုလ်
ဒုတိယနှစ်လည်လောက်မှာစတွဲခဲ့တယ်.....။

ချစ်ခဲ့ကြပီးသားပါ...
သံယောဇဉ်တွေအုပ်မြစ်ချခဲ့ပီးသားမလို့
အရမ်းကြီးထူးခြားဆန်းပြားစွာပြောင်းလဲ
သွားတာမျိုးတော့မရှိခဲ့။

ညတိုင်းတစ်ယောက်အိပ် အိပ်ယာထဲ
နှစ်ယောက်ကပ်သီးကပ်ဖဲ့အိပ်ကြရင်း
မနက်တွေကိုအတူတူနိုးထကြရင်း...
တခါတလေတော့ ကျတော်ကJungရင်ခွင်ထဲ
ရောက်နေပြီး ပိုအေးတဲ့မနက်တွေတော့
ကလေး က ကျတော့်ရင်ခွင်ထဲမှာ....။

Jungကအအေးကြောက်တတ်သေးတယ်။

JungကဗျာတွေကိုJungမရှိတဲ့အချိန်ခိုးဖတ်ဖြစ်တယ်
အစက ကျတော့်ကိုအလုံးစုံရည်ရွယ်မှန်း
မသိခဲ့လို့မနာလိုစွာ မကောင်းဘူးလို့ဇွတ်ကန်ငြင်းခဲ့တာ
ပန်းနုရောင်သမုဒ္ဒရာလေးက ကျတော်ပါလို့
ရှင်းလင်းသွားတဲ့အခါ ဖတ်မဝနိုင်ခဲ့....။

ဒါတွေကိုမသိဘဲHyung နဲ့ကိစ္စရပ်တွေမှာ
Jung ကိုဒုက္ခတွေအများကြီးပေးခဲ့တာ
သူလုပ်ခဲ့သော အပြုအမူတွေ အပြောအဆိုတွေ
ဥပေက္ခာတရားကို ပြန်စဉ်းစားမိပြီး
အားနာလွန်းလို့...ဘယ်လိုပြန်တောင်းပန်ရမှန်းမသိခဲ့။

Jung ကတော့Hyung ကိုတွေ့လည်း
ဘာမှမရှိခဲ့သလို မသိခဲ့သလို ကောင်းမွန်စွာ
နူတ်ဆက်မြဲ..။
စီနီယာတစ်ယောက်အဖြစ်လေးစားမြဲ....။
Jung ကပေါ့ပေါ့ပါးပါးနေတတ်ပြီး
စိတ်ထဲဘာမှအလေးမထားတတ်တာမျိုးတော့
မဟုတ်...။
လူတစ်ယောာက်မှာရှိသင့်ရှိထိုက်သော
Ethicတွေအားလုံးပြည့်စုံကာ
သိပ်ယဉ်ကျေးသောလူတစ်ယောက်.....။

မနက်တိုင်းကျောင်းအတူတူသွားခဲ့ကြတယ်
Jung ကကျတော့်လက်တွေကိုသေသေချာချာ
ဆုပ်ကိုင်ရင်းတက္ကသိုလ်လမ်းတွေပေါ်
အမြဲတမ်းပြုံးယဲ့ယဲ့နှင့်.....။

ဖိနပ်ကလေးတွေဆင်တူ..
ဒါမှမဟုတ် ကျောပိုးအိတ်လေးတွေဆင်တူ....
ဒါမှမဟုတ်ရင် Shirtအကျီလေးတွေဆင်တူနဲ့....
ကျတော်ကဦးဆောင်ပြီးအတူတူဝတ်ဖို့
အတူတူသုံးဖို့ အစမ်းထွင်ခဲ့တယ်..။

ပန်းနုရောင်သမုဒ္ဒရာ🌸Where stories live. Discover now