🌸7🌸

16.5K 2K 171
                                    

ပထမဆုံးသောရင်ခုန်စိတ်လှုပ်ရှားမှုမလို့
Jiminက MinYoongiအပေါ်
သိပ်သဲသဲလှုပ်တာပါတဲ့.....
အချစ်တော့မဖြစ်န်ိုင်လောက်ပါဘူးတဲ့....

မထင်ပါ....။
မနက်စာအတူတူစားဖို့အရေးခြေဆုံးခေါင်းဆုံး
အသစ်အသစ်သောတွေသုံးချင်၍စျေးဝယ်ထွက်ကာ
ခုလည်းမနက်ခြောက်နာရီကြီးရေချိုးပြီး
အဝတ်အစားရွေးနေသည်။

ဆက်လည်းအိပ်လို့မရ....
သူ့ကိုကြည့်လည်းကြည့်လို့မရဖြစ်နေ၍
ဝရံတာထွက်ကာမနက်စောစောတက္ကသိုလ်
၏အေးအေးချမ်းချမ်းရှိမှုကိုခံစားနေလိုက်သည်။

"Hey....Morning...!"

တဖက်အခန်းမှအသံကြား၍ကြည့်လိုက်တော့
သူ့လိုပဲဝရံတာထွက်ကာ Coffee ခွက်ဖြစ်
လောက်မည့်ခွက်ကြီးကြီးတခွက်ကိုကိုင်ကာ
လူစိမ်းတစ်ယောက်ကနူတ်ဆက်နေသည်။

"Are you Ok?"

ကိုရီးယားလိုနူတ်ဆက်လည်းရရက်နဲ့
နိုင်ငံခြားသားဖြစ်နေ၍လား
မသိ စတွေ့ထဲက Engအသံထွက်ကောင်းကောင်း
ဖြင့်အသဲကွဲနေသောသူ့ကို Hey တွေ Hiတွေနှင့်
လာစမ်းသပ်သည်....။

ကိုယ်ကလူမှုရေးကောင်းမွန်စွာအဆောင်ကို
မနေ့ကမှအသစ်ပြောင်းလာ၍
တကျောင်းထဲအတူတူ အဆောင်အခန်းချင်း
ကပ်ရပ်မို့ စတင်နူတ်ဆက်လိုက်ပေမယ့်
ပြူးကြည့်နေသော ထိုကျောင်းသားလေးသည်
စိတ်မမှန်ဘူးလားမသိ...။
စာရေးကောင်းသော စာပေ မှကျောင်းသား
တစ်ယောက်ဟုသိထားတာကြောင့်
သူကိုယ်တိုင်လည်း စာဖတ်စာရေးအနည်းငယ်
စိတ်ဝင်စားတာမို့မိတ်ဖွဲ့လိုက်ခြင်းတွင်
ထိုကျောင်းသားသည် ဘာမှပြန်မပြော....။
တယောက်နဲ့တယောက်ကြောင်ငေးကြည့်နေစဉ်

"Namjoon...ငါဖုန်းဘယ်မှာလဲ.....!!!"

အခန်းဖော်Jackson သည်အခန်းထဲမှ
ဝရံတာသို့ထွက်လာကာမေးသည်။
Jacksonသည်လည်းသူ့လိုပင်
ဆက်ဆံရေးသိပ်ကောင်းလှသူမို့
တဖက်ဝရံတာမှကျောင်းသားအား
မြင်မြင်ချင်း နူတ်ဆက်ပြန်သည်။

"Hi...."

ခပ်ကြောင်ကြောင်ငေးကြည့်နေသောကျောင်းသား
လေးသည်သူတို့ကိုဘာမှပြန်မပြော...။
တဖက်သို့မျက်နှာလွှဲသွားသည်။

ပန်းနုရောင်သမုဒ္ဒရာ🌸Where stories live. Discover now