Chapter - 14

1.4K 242 34
                                    

Unicode
~~~~~~~~

နွေလယ်ညသတင်းကြားပြီးကတည်းက ထက်မြတ် နွေလယ်ကိုဆက်သွယ်ဖို့အမျိုးမျိုးကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပေ … ကျောင်းမှာလဲရှာမတွေ့သလို ခွန်းခပ်ရိပ်အိမ်တော်ကိုသွားခဲ့ပေမဲ့ ထိုအိမ်တော်၌ ယခင်ကထက်လူများနေပြီး အစောင့်အရှောက်တွေများလွန်း၍ ပြန်လှည့်လာခဲ့ရသည် … နှိုင်းမရကို ကျောင်းမှာ တွေ့ရပေမဲ့ နွေလယ်ညအတွက် သူတို့ပြိုင်ဆိုင်ရန်ပြောဆိုပြီးနောက် စကားပြောရန်မသင့်တာမို့ မိမိသိက္ခာကိုထိန်းသိမ်းရန်အတွက် ထက်မြတ် နှိုင်းမရထံတိုက်ရိုက်မမေးပဲ သူမသိသေးတဲ့ ခွန်းခပ်ရိပ်အိမ်တော်အကြောင်း စတင်လေ့လာတော့သည် …

ယခင်က ဖခင်ရဲ့လုပ်ငန်းတွေကိုစိတ်မဝင်စားသလို မဆိုင်သလိုနေခဲ့ပေမဲ့ နှိုင်းမရနဲ့ပြိုင်ဆိုင်ရန်ပြောဆိုပြီးနောက် ထက်မြတ်စတင်လေ့လာခဲ့သည် … လေ့လာတွေ့ရှိခဲ့သမျှထဲတွင် ခွန်းခပ်ရိပ်ဟာ ထက်မြတ်မဟာအိမ်တော်နှင့် စီးပွားပြိုင်ဘက်များဖြစ်ကြပြီး သူ့ရဲ့ဖခင်ဟာ ခွန်ခပ်ရိပ်ကို အနည်းငယ်ကျော်လွန်နေတဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်နေသည် … နွေလယ်ညကို ကယ်တင်ဖို့အတွက် ဖခင်ထံ၌အခွင့်အရေးများစွာရှိနေသည် … နောက်ဆုံး တစ်စုံတစ်ယောက်အတွက် ထက်မြတ်ဘယ်တုန်းကမှလုပ်ရန်မစဉ်းစားဖူးခဲ့တဲ့အလုပ်တစ်ခုလုပ်ရန်ဆုံးဖြတ်လိုက်သည် …

ထိုအရာက သူ့အားအမြဲပြစ်ပယ်ကာ အလုပ်အပေါ်အာရုံစိုက်နေတတ်တဲ့ဖခင်ရဲ့ကုမ္ပဏီထံသွားကာ လူကိုယ်တိုင်တွေ့၍ အကူအညီတောင်းရန်ဖြစ်သည် … ပန်းချီစာရွက်ဖြဲတဲ့ကိစ္စပြီးကတည်းက ဖခင်အိမ်တော်ကထွက်သွားခဲ့တာဖြစ်ပြီး မိထွေးဆိုတဲ့အရှုတ်ထုပ်ကိုလဲမမြင်ရတော့ပေ … ခုတော့အကူအညီတစ်ခုအတွက် ထက်မြတ် ဘယ်တော့မှမသွားဖို့ဆုံးဖြတ်ထားတဲ့ နေရာသို့ခြေချဝင်ရောက်လာခဲ့သည် …

" သခင်လေး "

ကျောပိုအိပ်လေးလွယ်ထားပြီး အသက်ငယ်ရွယ်တဲ့ကျောင်းသားလေး ကုမ္ပဏီထဲဝင်လာတော့ အားလုံးကအံ့ဩမှင်သက်ကာ ကြည့်နေကြပြီး ဖခင်ဖြစ်သူရဲ့မန်နေဂျာကမြင်တော့ချက်ချင်းပြေးလာကာနှုတ်ဆက်သည် …

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now