Chapter - 32

1.5K 231 90
                                    

Unicode
~~~~~~~~

ဒီနေ့က စာမေးပွဲကြီးပြီးဆုံးသွားပြီမို့ အားလုံးပျော်ရွှင်နေကြသည် … စေတန်နဲ့ဇေတုတဟာ နွေလယ်မွေးနေ့တုန်းက သူတို့ကိုမခေါ်ပဲ ၂ ယောက်ထည်းဆင်နွှဲနေကြ၍ နှိုင်းမရအား အပြစ်တင်မဆုံးတော့ပါ … နောက်ဆုံး ညစာကြွေးမယ်ဟုပြောတော့မှရပ်သွားကြသည် … စေနဲ့ဇေတို့ ညီအကိုဟာ မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ ခစစ်တို့ ဘားထံသွားဖို့ပူဆာလွန်း၍ နှိုင်းမရနဲ့နွေလယ် လိုက်ပါလာခဲ့ရသည် …

" ဟေး ဘော်ဒါကြီတို့ … မင်းတို့ပေါ်မလာတော့ဘူးတောင်ထင်နေတာ "

" လာရမှာပေါ့ကွ … ငါတို့ရဲ့လွတ်လပ်ရေးရမှုအထိန်းအမှတ်ကို ဒီနေရာမျိုးမှာ ကျင်းပသင့်တယ်လေ "

အသားဖြူဖြူကိုယ်လုံးသေးသေးနဲ့ ခစစ်က အမေရိကန်နဲ့မြန်မာကာပြားဖြစ်ပြီး သူ့ဖခင်ရှိတဲ့အမေရိကန်ကို ၃ နှစ် သွားနေပြီးတဲ့နောက် မိခင်ရဲ့မြေ သူရဲ့မွေးရပ်မြန်မာပြည်တွင် အခြေချဖို့ ပြန်လာခဲ့ခြင်းဖြစ်သည် … မပြီးဆုံးသေးတဲ့ ပညာရေးကိုလဲ မိခင်မြေပေါ်မှာပဲ သင်ယူချင်ခဲ့သည် …

သူတို့အား သီးသန့်နေရာချပေးပြီးနောက် စားစရာမျိုးစုံနဲ့ သောက်စရာကို ယူလာပေးပြီး ဧည့်ခံသည် … ပတ်ဝန်းကျင်၌ လူတွေအားလုံးဟာ အမျိုးသားတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ပူးကပ်နေပုံက ပုံမှန်နဲ့မတူနေ … နွေလယ်က ပုံမှန်ထက်ထူးခြားတဲ့ ဒီနေရာမျိုးကို ပထမဆုံးအကြိမ်ရောက်ဖူးတာမို့ အံ့ဩသကြီးကြည့်နေမိသည် …

ခစစ်က သူငယ်ချင်းတွေနဲ့စကားတွေဆိုနေရင်း နှိုင်းမရဘေးမှာ ကုတ်ကုတ်လေးထိုင်နေတဲ့ နွေလယ်ကိုသတိထားမိသွားကာ သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည် …

" နှိုင်းမရ … မင်းဘေးနားကတစ်ယောက်က ဘယ်သူလေးလဲ … မင်းရဲ့ရည်းစားသစ်လား "

နွေလယ်မျက်ဝန်းများပြူးလျှက် ထိုလူအားကြည့်မိလိုက်သည် … ဘာကြောင့်များရည်းစားလို့ ထင်နေတာလဲ … သူကယောက်ျားလေးတစ်ယောက်လေ … နှိုင်းမရ စိတ်ဆိုးသွားရင်ဘယ်လိုလုပ်မလဲ …

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now