Chapter - 28

1.2K 189 56
                                    

Unicode
~~~~~~~~

နှိုင်းမရအိမ်သို့ပြန်ရောက်တော့ ဧည့်ခန်းထဲမှာထိုင်နေတဲ့သူရက နှိုင်းမရ မျက်နှာကိုကြည့်ပြီး အံ့ဩသကြီးဖြင့်မေးလာသည် …

" ညီလေး … မျက်နှာက ဒါဏ်ရာတွေနဲ့ ဘာဖြစ်လာတာလဲ "

နှိုင်းမရက ပြန်မဖြေပေ … သူရကပို၍ပင် စိတ်ပူပန်လာပြီး နှိုင်းမရထံလျှောက်လာကာ ထပ်မံဆိုပြန်သည် …

" ဘယ်သူကိုရန်ရှာလိုက်လို့ ဒီလောက်ထိ ဖြစ်လာတာလဲ … ဦးလေးသိရင်အဆူခံရလိမ့်မယ် "

နှိုင်းမရက သူ့အားထိုသို့ပြုမူတာမျိုးမနှစ်သက်ပေ … သူရန်ဖြစ်လာတိုင်း သူကစပြီးရန်ရှာသည်ဟု ထင်မြင်နေကြတဲ့အပေါ် မုန်းတီးမိသည် …

" စကားများလိုက်တာ "

နှိုင်းမရက ဘာဖြေရှင်းချက်မှမပေးတော့ပဲ အပေါ်သို့တက်သွားလေသည် … ထိုအခါ အနောက်မှဝင်လာတဲ့နွေလယ်က သူရအမေးအား ဖြေလိုက်သည် …

" လူတစ်ချို့ကစပြီး ရန်ရှာတာ "

" အဲ့ဒိလူတွေနဲ့ ရန်ဖြစ်လာတာလား … နွေလယ်က မင်းအကိုနှိုင်းမရကို ဝင်မထိန်းဘူးလား "

" ကျွန်တော်ကစပြီး ပြန်ပြောခဲ့တာ "

သူရကြောင်သွားလေသည် … သူသိတဲ့နွေလယ်က ဒီလောက်အေးတာ သူ့ကိုကိုက်နေတဲ့ ခြင်ကိုတောင် ရိုက်ဖို့ လက်တွန့်တဲ့သူမျိုး …

" အာ … ဘယ်လိုဖြစ်နိုင်မှာလဲ "

" လူတစ်ချို့က ဦးလေးနဲ့စီနီယာကို စော်ကာမော်ကားပြောလို့ ကျွန်တော်ကသွားပြောမိတာ … အဲ့ဒါနဲ့ ရန်ဖြစ်တာ "

သူရမှာ ဘာပြောရမည်ပင်မသိတော့ပေ … နွေလယ်က အဝတ်အစားပြောင်းလဲယုံမက စိတ်နေစိတ်ထားနဲ့အပြုအမူတွေပါပြောင်းလဲလာကာ ပို၍သတ္တိရှိလာသည် … သူရစိတ်ပူမိပေမဲ့ စိတ်ချမ်းသာမိပြန်သည် …

" ခု နွေလယ်က တခြားလူတွေစော်ကားမော်ကားပြောလာရင် ငြိမ်မခံတော့ဘူးပေါ့ … ဒါလဲကောင်းတဲ့ပြောင်းလဲမှုပါပဲ … ဒါဆို မင်းအကိုနှိုင်းမရကို တစ်ခါထည်း ဂရုစိုက်ပေးဦး … ဆေးလေးဘာလေးထည့်ပေးလိုက် … အကိုစိတ်ချမယ်နော် "

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now