Chapter - 40

1K 185 212
                                    

Unicode
~~~~~~~~

ထိုနေ့မနက်က ...

ပင်လယ်ကမ်းခြေက စားသောက်ဆိုင်လေးမှာ မနက်စာစားဖို့အတွက် ခုံနေရာမရှိတော့သည်ထိ လူပြည့်နေ၍ နွေလယ်နဲ့နှိုင်းမရ အနီးနားက ကျောက်ဆောင်လေးနဲ့အုန်းပင်တစ်ခုရှိရာသို့ ထွက်လာခဲ့သည် ... ခနကြာတော့ နှိုင်းမရမှာထားခဲ့သည့် ထမင်းဘူးတစ်ခုရောက်လာ၏ ... အထဲက ပုဇွန်နဲ့ ဂဏန်းတွေကိုမြင်တော့ နွေလယ်ကြောင်ကြောင်လေး ကြည့်နေခြင်းကြောင့် နှိုင်းမရက မေးကြည့်လိုက်သည် ...

" ပင်လယ်စာတွေစားတတ်လား "

" ဟင့်အင် ... ကျွန်တော်မစားရဲဘူး "

" မတည့်လို့လား "

" ဟုတ် ... ကျွန်တော်က ခေါင်းကိုက်တတ်တဲ့အကျင့်ရှိလို့ သွေးတက်မဲ့အစာတွေမစားရဲဘူး ... ဂေဟာမှာတုန်းကလဲ ကျောင်းအုပ်က ကျွန်တော့ကို ပင်လယ်စာတွေမစားဖို့ မှာဖူးတယ် "

နှိုင်းမရက နွေလယ်အတွက် သီးသန့်မှာပေးထားတဲ့ ပုစွန်နဲ့ ဂဏန်းတွေအပြည့်ပါတဲ့ဘူးအား ဘေးသို့ချလိုက်ပြီး ...

" ဒါဆို ဘာစားချင်လဲ ... ဒီမှာက ပင်လယ်စာကလွဲရင် ထမင်းပဲရတယ် "

" ထမင်းကြော်နဲ့ ကြက်ဥကြော်ဆိုရပြီ "

နှိုင်းမရက ဆိုင်အသွင်းသို့သွားကာ ကိုယ်တိုင်ပြင်ဆင်ပြီး ဘူးအကြည်လေးနဲ့ယူလာကာ နွေလယ်လက်ထဲ ထည့်ပေးလိုက်သည် ...

" မနက်စာတော့ အဖြစ်ဒါလေးပဲစားထားနှင့် ... နေ့လည်စာကြ အကိုကောင်းကောင်းလေးပြင်ပေးထားမယ် "

နှိုင်းမရမှာနေတုန်းမှာဘဲ အသင်းဖွဲ့ထဲကကောင်လေးတစ်ယောက်ရောက်လာပြီး ကိစ္စတစ်ခုပေါ်လာ၍ခေါ်နေခြင်းကြောင့် နွေလယ်အား စားနှင့်ဖို့မှာကြားခဲ့ကာ ထွက်သွားလေသည် ...

မနက်စာ ထမင်းဘူးလေးကိုကိုင်ပြီး နွေလယ် ကျောက်ဆောင်နားက အုန်းပင်အောက်၌ရပ်နေ၏ ... ထိုစဉ် တစ်စုံတစ်ခုက သူ့အားလာတိုက်မိသွားပြီး လက်ထဲက ထမင်းဘူးလေးက သဲပြင်ပေါ်သို့ကျသွားလေသည် ...

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now