Chapter - 47

1.2K 164 95
                                    

Unicode
~~~~~~~~

ထူးထူးခြားခြား နှိုင်းမရတစ်ယောက် မီးဖိုချောင်ထဲဝင်ကာ ဟင်းများကို ကိုယ်တိုင်ချက်ပြုတ်နေ၍ ဒေါ်မြအပါအဝင် အိမ်ဖော်တွေအားလုံးက အံ့အားသင့်နေကြသည် ။

အလုပ်ကပြန်လာတဲ့ နှိုင်းသူရက မီးဖိုချောင်ထဲဝင်နေတဲ့ နှိုင်းမရကိုလဲမြင်ရော အလန့်တကြားဖြင့် ပြေးလာပြီး …

" နှိုင်းမရ … မီးဖိုချောင်ထဲဝင်ပြီး အိမ်ကိုမီးရှို့ဖို့ကြိုးစားနေတာလား "

ညှော်နံ့တွေ ထောင်းကနဲထွက်လာခြင်းကြောင့် သူရပိုပြီး ထိတ်လန့်သွားလေတော့သည် ။

ထိုအခါ ဘေးမှာရပ်နေတဲ့ ဒေါ်မြက သူရထံရောက်လာပြီး …

" သခင်လေးသူရ … သခင်လေးနှိုင်းမရက ရုတ်တရပ်ကြီး ဟင်းချက်ဖို့ကြိုးစားနေတယ် … ဒေါ်ဒေါ်မြလဲ တားလို့မရဘူး "

" ဘာလို့ချက်ချင်ရတာလဲ … သူ့လိုလူကလေ "

" ဒေါ်မြလဲအဲ့ဒါကိုပဲ အံ့ဩနေတာ … နွေလယ်လေးရောက်လာမှ သခင်လေးအချိုးတွေပြောင်းနေတာ … တစ်ခြားတစ်ယောက်ပြောင်းသွားသလိုပဲ "

နွေလယ်ဆိုတဲ့စကားသံကြားတော့ နှိုင်းမရက ရုတ်တရပ် လှည့်ကြည့်လာပြီး …

" နွေလယ်ရောက်လာတာလား … သူ့ကိုအလာမခံသေးနဲ့ဦး … ကျွန်တော်အဆင်သင့်မဖြစ်သေးဘူး "

" ဒီကောင်လေးကတော့ "

ထိုအခါမှ သူရသဘောပေါက်သွားတော့သည် ။ ပြီးနောက် ဒေါ်မြနားကပ်ကာ တိုးတိုးလေးပြောလိုက်သည် ။

" အချစ်အတွက်သူကြိုးစားနေတာ … ဒေါ်မြကျွန်တော့ညီလေးကို ကူညီပေးလိုက်ပါဦး "

" ဟုတ်ကဲ့သခင်လေး "

ဒေါ်မြက ဘာပြောသွားလဲနားမလည်ပေမဲ့ မအောင်မြင်တာကို အခါခါကြိုးစားချက်ပြုတ်နေတဲ့သခင်လေးအားကြည့်ကာ သနားပြီး ဘေးကနေသင်ပြပေးနေ၏ ။

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now