Chapter - 9

2.6K 355 84
                                    

Unicode
~~~~~~~~

နွေလယ်ကျောင်းကပြန်ရောက်လာတော့ ဦးခွန်းလွန်က ဧည့်ခန်းထဲကနေစည်းကြိုနေ၏ … အရေးကြီးတာပြောစရာရှိပုံပင် …

" နွေလယ် … သား ခနလာအုံး "

" ဟုတ်ကဲ့ "

နွေလယ်လဲ ဦးခွန်အနားလျှောက်သွားပြီး ဘေးကခုံပေါ်မှာ တိတ်တိတ်လေးဝင်ထိုင်လိုက်သည် …

" မင်းရဲ့အမှတ်တွေဦးသိပြီးပြီ … အားလုံးအဆင်ပြေပေမဲ့ သားက Eng မှာတော့အားနည်းနေတုန်းပဲ "

မှန်ကန်နေသည်မို့နွေလယ်ခေါင်းငုံ့၍သာနေနေလိုက်သည် … ဦးခွန်းလွန်ကအပြစ်ဆိုတာမျိုးမဟုတ်ပေမဲ့ နွေလယ် ကြောက်မိသည် … ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲနေတာမျိုးမဟုတ်သလို တစ်စုံတစ်ယောက် စိတ်ပျက်မှာကြောက်မိချင်းပင် … အထူးသဖြင့် ဘာဆက်နွယ်မှုမှမရှိပဲ တင်ကြွေးထားသည့် ကျေးဇူးရှင်တွေရဲ့စိတ်ပျက်မှုကို ခံရမှုအကြောက်ဆုံးဖြစ်သည် … ဖြစ်နိုင်လျှင် ကိုယ့်ခြေထောက်ပေါ်ကိုရပ်တည်ချင်သည် … အသက် ၁၈ မပြည့်သေးသည့်အတွက် အလုပ်အကိုင်ကရှားပါး၍သာ နွေလယ်သီးခံနေရသည် …

" ဦးလေး မင်းအတွက် ဂိုက်တစ်ယောက်ထားပေးမယ် … မင်းကြိုးစားမယ်မဟုတ်လား "

နွေလယ်လက်မခံနိုင်ပါ … သူ့အတွက်အပိုဝင်ငွေကုန်တာမျိုးမဖြစ်စေချင်ဘူး … ဦးခွန်းလွန်က ချမ်းသာပေမဲ့ ဘယ်သူ့ရဲ့အကူအညီကိုမှအလကားယူလေ့မရှိတဲ့နွေလယ်အတွက်တော့ လက်ခံရန်ခက်ခဲလှသည် …

" ဗျာ … မလိုပါဘူး … ကျွန်တော်အမှတ်ကောင်းအောင်ကြိုးစားပါ့မယ် … ဦးလေးတို့ကို ဒုက္ခမပေးချင်ဘူး "

ဦးခွန်းလွန်က တစ်စုံတစ်ယောက်ရဲ့အကူအညီကို အလွယ်တကူမယူတတ်တဲ့ နွေလယ်ရဲ့စိတ်ဓာတ်ကိုသဘောကျနှစ်ခြိုက်ကာ ပြုံးလျှက် ဆိုလာခဲ့သည် …

" ဒါကဒုက္ခပေးတယ်လို့မခေါ်ဘူး … ပြီးတော့ သားရဲ့ဂိုက်က သားကိုပြဿနာရှာရင်ဦးကိုပြော … သူ့ကိုဆုံးမပေးမယ် "

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now