Chapter - 5

2.7K 355 76
                                    

Unicode
~~~~~~~

နောက်တစ်နေ့ အားကစားရုံထဲ၌ တေဇနဲ့တခြားစီနီယာနှစ်ယောက်က ဦးဆောင်လျှက် ပထမနှစ်တွေရဲ့ အားကစားကို လေ့ကျင့်ပေးနေကြသည် … နွေလယ် ဒီနေ့တော့ ကိုယ့်ကိုယ်ကိုတောင့်ခံဖို့ အားတင်းပြီးနောက် ရဲဝင့်စွာပင် လူတွေအများကြီးကြားထဲဝင်လာခဲ့လိုက်သည် …

တေဇသူ့ကိုမြင်ပုံမပေါ်ဘူး … သူက ဘေးနာကဝိုင်းကူနေတဲ့ မိန်းကလေးတွေကို အီစီကလီလုပ်နေတာနဲ့ အလုပ်ရှုတ်နေပုံပဲ … ဒါကလဲနွေလယ်အတွက်ကောင်းတာပါပဲ … ဒီကွင်းပြင်ကြီးထဲမှာ နည်းပြဆရာတွေလဲရှိသလို တခြားအတန်းကလူတွေလဲအများကြီးရှိနေတာကြောင့် တေဇလွယ်လွယ်နဲ့တော့ အနိုင်မကျင့်နိုင်ပါဘူး …

နွေလယ်အတွက် စာကသာအရေးကြီးတယ်ဆိုပေမဲ့ တစ်ခါတစ်ရံစိတ်ပင်ပန်းလာတဲ့အခါ ရွှင်လန်းစေဖို့ တခြားအရာတွေနဲ့အစားထိုးဖို့တွေးမိသည် … တစ်လက်စတည်း အားကစားအဖွဲ့ထဲစာရင်းပေးသွင်းခံရပြီးပြီဖြစ်၍ နွေလယ် အားလပ်ချိန်တွေမှာ အဖွဲ့ဝင်တွေနဲ့အတူ အားကစားကို တစ်စိုက်မတ်မတ်လုပ်ကြည့်ဖို့ဆုံးဖြတ်လိုက်သည် … ဒါက အေးဆက်လှသည့် သူ့ဘဝကို အနည်းငယ်ပြောင်းလဲကြည့်ရန်ပင် …

" လူစုံကြပြီဆိုတော့ ပထမဆုံး အပြေးကနေစလေ့ကျင့်ရအောင် … ခြေထောက်ကိုဟန်ချက်ထိန်းနိုင်မှ ကစားရာမှာအထောက်အကူပြုမှာဖြစ်တဲ့အတွက် မင်းတို့ကြွက်သားတွေသန်မာနေဖို့လိုတယ် … ကဲဒုတိယနှစ်တွေက မင်းတို့ကို ဦးဆောင်လိမ့်မယ် "

နွေလယ် တခြားသူများနည်းတူ ကွင်းကိုပတ်ကာပြေးနေရသည် … အားကစားဆိုတာ ကျန်းမာရေးအတွက်ကောင်းပေမဲ့ သူ့အတွက်တော့ အတော်လေးဆိုးဝါးလွန်းနေသည် … သူကအားကစားလုပ်လေ့မရှိတာကြောင့် တခြားလူတွေထက်ပိုပြီး ပင်ပန်းလွယ်နေခြင်းပင် …

၅ ပတ်မြောက်မှာ နွေလယ်မပြေးနိုင်တော့ပဲ ကွင်းရဲ့ဘေးနားက ခုံတန်းလေးပေါ်မှာ ဝင်ထိုင်လိုက်ရသည် … ငယ်ငယ်က တခြားကလေးတွေလို ပြေးလွှာဆော့ကစားခြင်းမျိုးမရှိခဲ့သလို အရွယ်ရောက်လာတော့လဲ စာကိုသာအာရုံစိုက်တဲ့နွေလယ်က ပန်းချီဆွဲတာနဲ့ အသိဉာဏ်အမျှော်အမြင်ကြီးတာလွဲ ခန္ဓာကိုယ်ကတော့အားနည်းလွန်းသည် … ဒါကြောင့်လဲ သူဟာ အားလုံးရဲ့နိုင်ချင်စရာအရှုံးသမားပုံပေါ်နေချင်းပင် …

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now