Chapter - 13

1.8K 280 44
                                    

Unicode
~~~~~~~~

မနေ့ကရန်ပွဲပြီးသွားပြီးနောက် နွေလယ်ဆေးရုံတက်လိုက်ရသည် … ဆေးရုံရဲ့အခန်းလေးထဲမှာတော့ နက်စ်မနဲ့ ဆရာဝန်တစ်ဦး လူနာအချေအနေစစ်ဆေးနေပြီး ဦးခွန်းလွန်တစ်ယောက် သတိမေ့နေတဲ့နွေလယ်ကိုကြည့်ပြီး သက်ပြင်းဖွဖွချလိုက်သည် … နှိုင်းမရကတော့ ဘေးနားမှတိတ်ဆိတ်စွာပင်ရပ်နေ၏ …

ဆရာဝန်ရဲ့ပြောစကားအရ နွေလယ်ညဟာ ဦးနောက်နဲ့ပတ်သပ်ပြီး ထိခိုက်ဒါဏ်ရာရရှိထား၍ ဦးခေါင်းကပုံမှန်လူထက်ထိခိုက်လွယ်သလို စိတ်မတည်ငြိမိမ်မှုတို့ဖြစ်ပေါ်လာလျှင် ထိုသို့မူးလဲကာ ဦးနောက်ကအလုပ်မလုပ်တော့ပဲခနမျှရပ်တန့်သွားတတ်သည်ဟုဆိုသည် … ဒါက စိတ်ပိုင်းဆိုင်ရာနှင့်သက်ဆိုင်နေ၍ အတိတ်မေ့ခြင်းတစ်မျိုးလဲဖြစ်နေသည် … အရာအားလုံးကိုမေ့ပျောက်သွားတာမျိုးမဟုတ်ပဲ သူကြောက်ရွံ့ခဲ့ရတဲ့အရာတွေ ဦးနောက်ထဲမှာ ဆွဲထင်နေပြီး စိတ်ခြောက်ခြားစရာတွေကိုသာမေ့သွားကာ ထိုအရာများအား ထပ်တူပြန်မြင်ခဲ့လျှင် ဦးခေါင်းကနာကျင်လာကာရှုတ်ထွေးလာလိမ့်မည် …

အဲ့ဒိနေ့က အိမ်တော်၌ အရာအားလုံးတိတ်ဆိတ်နေကြပြီး ဦးခွန်းလွန်လဲနှိုင်းမရအားမဆူတော့ပဲ ဧည့်ခန်းထဲ၌ထိုင်ကာ လေးနက်စွာတွေးတောနေ၏ … နှိုင်းမရလဲ ထက်မြတ်နဲ့ပြိုင်ဖို့အတွက် နွေလယ်အားချဉ်းကပ်ရန် အကြံထုပ်နေသည် …

နောက်တစ်နေ့တွင်တော့ ကျောင်းရဲ့ဝက်ဆိုက်ပေါ်တွင် သတင်းတစ်ခုတက်လာပြီး လူတွေအုန်းအုန်းကျွက်ကျွက်ဖြစ်ကုန်လေတော့သည် … ထိုသတင်းကတော့ ကျောင်းသားနှိုင်းမရရဲ့ ခွန်းခပ်ရိပ်အိမ်တော်က လျှိုက်ဝှက်အကြောင်းအရာတစ်ခုဖြစ်နေသည် …

နှိုင်းမရမိဘတွေက ကလေးတစ်ယောက်အားမွေးစားထားပြီး ထိုကလေးကနှိုင်းမရနဲ့အတူတစ်ကျောင်းထဲမှာတက်နေတဲ့ နွေလယ်ည ဟူ၍ …

" မင်းရဲ့ညီ ဟုတ်လား "

" ဒါက ဘယ်လိုတွေဖြစ်ကုန်တာလဲ "

စေတန်နဲ့ဇေက မယုံကြည်နိုင်တဲ့အကြည့်တွေနဲ့ မေးခွန်းတွေအဆက်မပြတ်မေးနေကြသည် … နှိုင်းမရ ထိုသတင်းအားမြင်ပြီး သူ့ဖခင်ထံဆက်သွယ်ပေမဲ့ ဘာဖြေရှင်းချက်မှမပေးပဲ ဖုန်းချသွားသည် …

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now