Chapter - 37 ( Kiss 💋💋 )

1.9K 189 62
                                    


Unicode
~~~~~~~~~

မနေ့ညက အဖြစ်အပျက် …

တဟင်းဟင်း အော်ညည်းသံကြောင့် နှိုင်းမရ ဘေးဘက်ကိုကြည့်လိုက်သည် … ကုတင်ပေါ်မှာ အိပ်စက်နေတဲ့ နွေလယ်ညက အိမ်မက်ဆိုးတွေကြောင့် မျက်ခုံးကိုကိုင်းညွှန့်လျှက် အော်ညည်းနေခြင်းပင် … သူ့ရဲ့မင်းသားလေးက ငယ်ငယ်ကလဲအလွန်တိတ်ဆိတ်ကာ အနေအေးသလို ခုကြီးလာတော့လဲ လျှို့ဝှက်ချက်အပြည့်ဖြင့် အိမ်မက်ဆိုးတွေသာ ခနခနမက်နေတတ်သည် … နှိုင်းမရထလာပြီး နှိုးနေပေမဲ့ နွေလယ်ကတော့ နိုးမလာပဲ ငြိမ်ကျသွားကာ သူ့ရဲ့အသားအရေတွေက နီးမြန်းပြီးပူကျစ်နေ၏ …

နှိုင်းမရ အိမ်အောက်ထပ်သို့ အမြန်ဆင်းသွားပြီး ဒေါ်မြကိုနှိုးကြည့်ပေမဲ့ တစ်နေ့လုံး ပင်ပန်းထားခြင်းကြောင့် ဒေါ်မြလဲနိုးမလာ၍ အခက်တွေ့ရပြန်သည် … သူလေ့လာမိသမျှထဲက အမြန်ဆုံးအဖျားကျစေဖို့ နွေလယ်အား ရေပတ်တိုက်ပေးပြီး အနွေထည်ထူထူဝတ်ပေးကာ နွေးထွေးစေသည် … တော်တော်နဲ့အဖျားကျမသွားတဲ့နွေလယ် အိမ်မက်ဆိုးတွေထံက မနိုးထနိုင်သေးပဲ ကြောက်ရွံ့ကာ ရုန်းကန်နေ၍ နှိုင်းမရ နွေလယ်ကိုယ်လေးအား ချုပ်ကာ ပွေ့ဖက်ထားလိုက်ရသည် …

ထိုအခါမှ ငြိမ်ကျသွားတဲ့နွေလယ် နွေးထွေးတဲ့ နှိုင်းမရရင်ခွင်ကြားတိုးဝင်ကာ ကြောင်ပေါက်လေးပမာ နှစ်ခြိုက်စွာ အိပ်မောကျသွားလေတော့သည် … ရေပတ်တိုက်ပေးထားသည့် ရေစိုဝတ်တွေကိုပင် နှိုင်းမရ မသိမ်းတော့ပဲ နွေလယ်အားဖက်ထားလျှက် ငြိမ်နေရသည် … တစ်ချိန်လုံး သူ့ရင်ဘက်ထဲမှာ လှုပ်ခါနေပြီး အဘယ်အကြောင်းကြောင့် စိတ်လှုပ်ရှားနေမိလဲပင် မသိတော့ပေ …

ယခုတော့ နွေလယ်ညဟာ အဖျားကျသွားကာ သူရောက်ဖူးချင်သည့်နေရာသို့ သွားနေရ၍ ပျော်နေ၏ … လမ်းခရီး၌လဲ သူ့ရဲ့ဂရုစိုက်မှုတွေကို လိမ်မာစွာ ခံယူရင်း အိမ်မွေးကြောင်လေးတစ်ကောင်လို ခွေခွေလေးအိပ်နေသေးသည် … နှိုင်းမရဘဝမှာ ယခုလို ချစ်ဖို့ကောင်းသည့် ညီငယ်လေးကို ပိုင်ဆိုင်ရ၍ ပျော်မဆုံးနိုင်ပေ …

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now