Chapter - 36

1.1K 188 96
                                    

Unicode
~~~~~~~~

နွေလယ်ညရဲ့ ပထမဦးဆုံး ခရီထွက်ဖူးခဲ့ခြင်းက ချောင်းသာကမ်းခြေသို့ဖြစ်ပြီး ဂေဟာမှာရှိတဲ့ ကလေးငယ်တွေကို သူဌေးတစ်ဦးက အကုန်ကျခံကာ လိုက်ပို့ခြင်းဖြစ်သည် … နွေလယ်ဆယ်တန်းအောင်သည့်အထိန်းအမှတ်ဖြင့် ထက်မြတ်က သူ့ဖခင်အား ကူညီပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည် … ဒါကိုထက်မြတ်ကိုယ်တိုင်က ဖုံးကွယ်ထားသည် …

ခရီးသွားကားလေးပေါ်မှာ နွေလယ်ထိုင်နေရင်း ဘေးပတ်ဝန်းကျင်၏ လှပသည့် သဘာဝရှုခင်းတွေကို ကြည့်ရင်း လိုက်ပါလာခဲ့သည် … ပင်လယ်ရေပြာပြာကို မြင်တွေ့ရချိန်မှာ နွေလယ် မထိန်းချုပ်နိုင်လောက်အောင် ဝမ်းသာပီတိဖြစ်ကာ ပြေးလွှားဆော့ကစားနေမိသည် …  ကလေးငယ်တွေကလဲ ပျော်ရွှင်နေကြသည် … သို့ပေမဲ့ ကစားချိန်က ခနလေးသာဖြစ်၍ ညမမှောင်သေးခင်မှာ အိမ်ပြန်ကြရသည် …

အပြန်လမ်းခရီး၌ ရေကစားချိန်က ခနသာမို့ အားလုံးက မကျေမနပ်ဖြစ်နေကြ၍ ကျောင်းကားလေးက တိတ်ဆိတ်နေ၏ … နွေလယ်က ရှေ့ဆုံးခုံမှာထိုင်နေ၍ မှောင်ပိန်းနေတဲ့ကားလမ်းမကြီးကိုမြင်နေရသည် … သူ့ရဲ့နဘေးမှာ ထက်မြတ်ထိုင်နေကာ သူ့ရဲ့လက်တွေကို ဆုတ်ကိုင်ပေးထားသည် …

" ပျော်ရဲ့လားနွေလယ် "

ထက်မြတ်ရဲ့အမေးကြောင့် နွေလယ်ရိုးသားစွာ ခေါင်းငြိမ့်ပြရင်း …

" အင်း … ဒါနဲ့ ဘာလို့ခနလေးပဲ လိုက်ပို့တာလဲဟင် … အကြာကြီးနေရမယ်ထင်ထားတာ "

" ဆရာမက တည်းခိုဖို့ အဆင်မပြေလို့ လို့ပြောတယ် … မင်းရေတွေကိုသဘောကျလား "

" ငါရေတွေကိုကြိုက်တယ် … သူတို့ကမ်းစပ်ကိုရောက်လာပြီး ပြန်သွားရင် နောက်ကနေပြေးလိုက်ရတာသဘောကျတယ် … ငါသဲနန်းတော်လေးဆောက်ခဲ့တာ … ခုလောက်ဆို ရေမြုပ်သွားလောက်ပြီ "

" နောက်တစ်ခေါက် ငါတို့သွားဖြစ်ရင် သဲနန်းတော်ကို အတူထပ်ဆောက်ရအောင် "

" အင်း "

နွေလယ်ပြုံးကာပြန်ဖြေလိုက်သည် … ထက်မြတ်က သူ့အပေါ်တွင်အလွန်ဂရုစိုက်ကာ ပျော်ရွှင်မှုပေးသည့် တစ်ဦးတည်းသောသူပင် … တခြားသူတွေလို သူအား မရှောင်ဖယ်ပဲ စိတ်ရင်းနဲ့ခင်မင်ပေးသည် … နွေလယ်အတွက်တော့ အဖိုးတန်သူငယ်ချင်းတစ်ယောက်ပင် …

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now