Chapter - 35

1.3K 192 215
                                    

Unicode
~~~~~~~~


အိမ်ပြန်ရောက်တော့ နှိုင်းမရ ထိုပန်းချီကားချပ်လေးအား သူ့အတွက် အလွန်အဖိုးတန်လှသည့်အရာပမာငေးကြည့်နေရင်း ပီတိအပြုံးများဝေဆာလို့နေသည် … နွေလယ် အခန်းတွင်းဝင်လာတော့ ငေးကြည့်နေတဲ့ နှိုင်းမရကိုမြင်သွားပြီး မေးလိုက်သည် …

" အဲ့ဒါကိုပဲခနခနကြည့်နေတာဆိုတော့ အဆင်မပြေတာများရှိလို့လားဟင် "

နှိုင်းမရက ပန်းချီကားအားငေးကြည့်နေရာမှ နွေလယ်ထံလှည့်ကြည့်လိုက်ပြီး …

" အဆင်မပြေတာမရှိပါဘူး … ငါမင်းပေးတဲ့လက်ဆောင်ကိုကြိုက်တယ် … ဒီလိုစိတ်ကူးမျိုး ဘယ်လိုရသွားတာလဲ … ပုံထဲမှာ ငါ့ရဲ့မိဘတွေပါလာတော့ အံ့ဩသွားတာပဲ "

"  ကျွန်တော်အချောပြန်ဆွဲတော့ အကို့မွေးနေ့မှာထူးခြားသွားအောင် အန်တီမေနဲ့ဦးလေးခွန်းလွန်ပုံပါ ထည့်ပေးလိုက်တာ … မျက်နှာတွေကမသပ်မရပ်ဖြစ်နေပေမဲ့ အကိုသဘောကျပေးလို့ ဝမ်းသာပါတယ် "

" ငါ့မွေးနေ့တိုင်း တန်ဖိုးကြီးလက်ဆောင်တွေအမြဲရလေ့ရှိပေမဲ့ မင်းပေးတဲ့ဒီတစ်ခုကပဲ ငါတန်ဖိုးအထားမိဆုံးလက်ဆောင်တစ်ခုပဲ  "

ထိုစကားကြားရတော့ နွေလယ်ပါးများရဲလာ၍ နှိုင်းမရက မေးလိုက်သည် …

" ဘာလို့ပါးတွေကရဲနေတာလဲ … ပင်ပန်းနေလို့လား … အနားယူချင်လား "

" ရ … ရပါတယ် … ကျွန်တော်လဲ ထက်မြတ်ကလွဲပြီး တခြားလူကိုပေးဖူးပထမဆုံးမို့ ခုလိုပြောလာတော့ စိတ်လှုပ်ရှားမိသွားတာ "

" ကျေးဇူးပဲနွေလယ် … ဒီလက်ဆောင်ကို တန်ဖိုးထားပြီးသိမ်းထားပါ့မယ် "

ဘာကြောင့်မှန်းမသိ နွေလယ်ရင်ထဲ နွေးကနဲဖြစ်သွားသည် … အချိန်တွေအများကြီးယူပြီး အခန်းထဲမှာတစ်ယောက်ထည်း အစာငတ်ခံကာဆွဲခဲ့ရတဲ့ပန်းချီကားလေး ခုလိုတန်ဖိုးထားပေးတာမြင်ရတော့ မပြုံးပဲ မနေနိုင်တော့ပါ … နှိုင်းမရထံက ကျေးဇူးတင်စကားက သူ့အားပို၍အားအင်ဖြစ်စေခဲ့သည် …

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now