Chapter - 46

1.3K 133 41
                                    

Unicode

ကျောင်းခေါင်မိုးထပ်ကဝရံသာတွင် နှိုင်းမရရပ်နေပြီး နွေလယ်ကတော့ မလှမ်းမကမ်းမှာ ပန်းချီရေးဆွဲနေ၏ ။ နားချိန်၌ စာပြပြီးသွား၍ အနားယူဖို့ပြောပေမဲ့ နွေလယ်က ပန်းချီဆွဲဖို့သာရွေးချယ်ခဲ့သည် ။

နှိုင်းမရက နွေလယ်အား ငေးကြည့်နေရင်း သူ့အားအဖက်မလုပ်ပဲ ပန်းချီကိုသာအာရုံစိုက်ကာဆွဲနေခြင်းကြောင့် ပန်းချီကားချပ်ကိုပင် မနာလိုအူတိုလာကာ နွေလယ်ညအနားသို့လျှောက်လာခဲ့သည် ။

" ဘာတွေကို ဒီလောက်တောင်မနားမနေအာရုံစိုက်ပြီး ဆွဲနေတာလဲ "

နှိုင်းမရ ပန်းချီကားချပ်ကိုယူပြီး ကြည့်လိုက်တော့မှ သူ့ရဲ့မျက်ဝန်းတွေကအပြူးသားဖြစ်သွားရသည် ။

" နေကြာပန်း "

ကလေးဘဝကမှတ်ဉာဏ်တွေကို နှိုင်းမရပြန်မြင်ယောင်လာမိသည် ။ သူနွေလယ်ညကို စတွေ့စဉ်က ခြံဝန်းအကျယ်ကြီးထဲမှာ တစ်ယောက်ထည်းစာရွက်ဖြူဖြူပေါ်မှာနေကြာပန်းပုံထိုင်ဆွဲနေတဲ့ကလေးငယ်လေးကို ပြန်သတိရလာမိသည် ။ ယခုထိုကလေးငယ်လေးက သူ့ရဲ့အရှေ့မှာလှလှပပပွင့်လန်းနေသည့် နေကြာပန်းလေးအသွင်ရှိနေ၏ ။

ထိုစဉ် နွေလယ်က ပြောလာသည် ။

" အင်း ... ကျွန်တော်အတိတ်ကအရာတစ်ချို့သတိရလာမိလို့ ... ကျွန်တော့မေမေက ပန်းတွေထဲမှာ နေကြာပန်းကိုသဘောအကျဆုံးပဲလို့ပြောဖူးတယ် ... နေကြာပန်းပွင့်လေးတွေက နေသွားရာအရပ်ကိုမျက်နှာမူပြီးပွင့်ကြတာ ... နေမင်းကြီးမရှိတော့တဲ့အချိန်ဆို သူတို့ကဝမ်းနည်းပြီးငိုတတ်ကြတယ်တဲ့ ... သူတို့ကအမှောင်ကိုကြောက်ကြတဲ့ပန်းကလေးတွေ ... ကျွန်တော်လဲနေမင်းကြီးကိုမျက်နှာမူပြီးပွင့်လန်းနိုင်မဲ့ နေကြာပန်းလေးဖြစ်ချင်မိတယ် "

အမှောင်ထဲမှာ တစ်ယောက်ထည်းပုန်းကွယ်လာခဲ့တဲ့နှစ်များစွာ၌ နွေလယ်ညဟာ အလင်းရောင်ကိုကြောက်ရွံ့တဲ့ထိ အထီးကျန်အဖော်မဲ့ခဲ့ရသည် ။ ခွန်းခပ်ရိပ်ကိုရောက်ပြီးနောက် သူ့ရဲ့အမှောင်ထုကြီးဟာလဲ ပျောက်ကွယ်သွားပြီး အလင်းရောင်ကိုကောင်းစွာမြင်ခွင့်ရခဲ့ပြီ ။

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now