Chapter - 8

2.7K 325 71
                                    

Unicode
~~~~~~~~


နံနက်အိပ်ယာမှထသည့်အချိန်၌ နှိုင်းမရတစ်ယောက် နာကျင်နေသည့်ဦးခေါင်းနဲ့ ယောင်ရမ်းနေသည့်ပါးကြောင့် အထိတ်တလန့်ဖြစ်သွားရပြီး ညကအကြောင်းအရာတွေကိုတော့ သတိမရတော့ခြေ … မနေ့ကအဖြစ်အပျက်တစ်ချို့မှာ ရန်ဖြစ်ပြီးအိမ်ပြန်လာခဲ့ကာ နောက်ဆက်တွဲအရာတွေကတော့ သူ့ခေါင်းထဲ၌ကျန်ရှိမနေတော့ခြေ … သေချာတာတစ်ခုကတော့ ဒီမနက်ဦးခွန်းလွန် သူ့အားနာရီများစွာကြာမြင့်စွာ ဆုံးမဩဝါဒမိန့်ခြွေတော့မည်ဆိုတာပင် …

" သခင်လေး … နိုးပြီလား "

ဒေါ်မြရဲ့အသံကြားတော့မှ နှိုင်းမရကုတင်ပေါ်ကနေထလာခဲ့သည် … ရုတ်တရပ် ဒေါ်မြဟာ နှိုင်းမရကိုကြည့်ပြီး ကြောင်အမ်းစွာရပ်နေရင်းမှ အံ့ဩသကြီးမေးလာခဲ့သည် …

" သ … သခင်လေး … ပါးမှာ ဘာကောင်ကိုက်ထားတာလဲ "

" ပါမှာ … ဘာဖြစ်နေလို့ … အ့ "

နှိုင်းမရ မနေ့ကရန်ဖြစ်တဲ့ဒါဏ်တွေကြောင့် ပါးရောင်နေတယ်ဟုသာထင်မိပေမဲ့ ထိုမျှလောက်နာကျင်လိမ့်မည်ဟုမထင်ခဲ့ခြေ … လက်နဲ့ထိယုံနဲ့နာကျင်နေပြီး အထိုးခံထားရသည်နှင့်တူမနေ၍ ဒေါ်မြအားမေးကြည့်လိုက်သည် …

" အရမ်းများလား "

" တော်တော်လေးယောင်နေတယ် … ထူးဆန်းလိုက်တာ … မနေ့ညကသခင်လေးပြန်လာတော့ ဒီဒါဏ်ရာမတွေ့မိပါဘူး … ညအိပ်တော့အကောင်များ လာကိုက်သွားတာလား "

" ဘာအကောင်ကိုက်ရမှာလဲ … ကျွန်တော်အိမ်မှာကြောင်လဲမမွေးထားဘူး "

သူကအလျှင်အမြန်ပင် ရေချိုးခန်းထဲပြေးဝင်သွားကာ မှန်ထဲကြည့်လိုက်တော့ အထိုးခံထားရသည်နှင့်လဲမတူသလို အနီရောင်အရာတွေက ကြောင်သွားခြေရာနဲ့မတူညီနေ … အနည်းငယ်တော့ထူးဆန်းလှသည် … မည်သို့ပင်စဉ်းစားပါစေ အဖြေထွက်မလာတော့ နောက်ဆုံး ဒေါသကိုလျော့ပြီး ခန္ဓာကိုယ်ရွှင်လန်းစေရန်ရေမိုးချိူးလိုက်တော့သည် …

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now