Chapter - 29

1.1K 169 42
                                    

Unicode
~~~~~~~~

တဖြတ်ဖြတ်လပ်နေတဲ့ ကင်မရာရဲ့မီးတွေက မျက်စိကျိန်စရာကောင်းလောက်သည် ... လူတွေရဲ့အကြည့်တွေကသူ့ထံမြဲမံနေကြပြီး လှုပ်ရှားမှုတိုင်း၌ မိန့်မောနေကြသည် ... ကိုယ်မှာကပ်နေတဲ့ ဝတ်ဆုံရဲ့ ဆူးရှရှခံစားမှုက စိတ်အိုက်စေသည့်အပြင် ဟန်ဆောင်ပြုံးနေရခြင်းက ပို၍ပင်မောပန်းနွမ်းနယ်စေသည် ... ဒီနေရာမှာသာတစ်စုံတစ်ယောက် ရှိနေခဲ့ရင် သူ့ရဲ့ဒီလိုမောပန်နေမှုတွေအားလုံး ပျောက်ကွယ်သွားလိမ့်မည်မှာသေချာသည် ...

" နွေလယ် ... ဒီနေ့ငါပြိုင်ပွဲဝင်ဓာတ်ပုံရိုက်ရမှာ ... ငါ့ကိုလာကြည့်ပေးပါလား "

" ငါလာချင်ပါတယ် ... ဒါပေမဲ့ ငါစာမေးပွဲအမှီကျက်စရာလေးတွေရှိနေသေးတယ် ... ငါခုမလုပ်ရင် စာမေးပွဲမှာအဆင်ပြေမယ်မထင်ဘူး ... တောင်းပန်ပါတယ်ထက်မြတ် ... ငါတို့အပြန်မှပဲတွေ့ကြရအောင် "

နွေလယ်ရဲ့ငြင်းဆိုလိုက်တဲ့စကားသံတွေကို နားထဲ၌ပြန်ကြားယောင်နေမိသည် ... သူဒီလိုဝတ်စားပြီး ဒီလိုမျိုးလူအများကြီးရှေ့မှာ အလှပြနေတာက ဘာအတွက်လဲဆိုတာစဉ်းစားမရတော့ပေ ... သူ့ရဲ့လှပတဲ့ပုံစံကို နွေလယ်ကြည့်ချင်လိမ့်မည်ဆိုတဲ့အတွေးနဲ့ စီနီယာအမစိုးအိ အကူအညီတောင်းခံတုန်းက ကူညီရန်ဆုံးဖြတ်ခဲ့ခြင်းပင် ... လက်တွေ့မှာတော့ သူ့အနားကိုနွေလယ်ည ရောက်မလာခဲ့ပါ ...

ထက်မြတ်တစ်ယောက် အသင်းရဲ့ကိစ္စတွေလုံးပန်းနေရတာနဲ့ နွေလယ်ညကိုတွေ့ရတဲ့အချိန်တွေနည်းပါးလာသည် ... နွေလယ်ကအရင်လိုသူထားတဲ့နေရာမှာပဲမနေတော့ပေ ... နွေလယ်ရဲ့အနားမှာလူတွေဝိုင်းနေပြီး နှိုင်းမရတို့ကောင်စီအဖွဲ့တွေနဲ့ တတွဲတွဲဖြစ်လာသည် ... အရင်ကဆို အမြဲသူကိုသာခင်သွယ်နေပြီး သူကိုသာအားကိုးနေတတ်တဲ့နွေလယ်ညဟာ တဖြေးဖြေးပျောက်ကွယ်သွားပြီဟု ခံစားလာရသည် ... ထိုအတွေးက သူ့အားအိပ်မရအောင်နှိပ်ဆက်နေသည် ...

မိုတွေချိန်းနေတဲ့ညကလဲ အရင်လိုထိတ်လန့်မနေအောင်အားပေးဖို့ဖုန်းခေါ်ခဲ့ပေမဲ့ နွေလယ်မကိုင်ခဲ့ပေ ... နောက်နေ့မှာမေးကြည့်တော့ နွေလယ်ဖြေခဲ့တာက သူအဆင်ပြေကြောင်း ဖုန်းအသံပိတ်ထားမိလို့မကြားလိုက်ကြောင်းသာရှင်းပြပြီး အရာအားလုံး သူမရှိရင်တောင် အဆင်ပြေနေပုံပင် ... သူဟာအပယ်ခံဘဝရောက်သွားသလိုခံစားလိုက်ရသည် ... ထိုခံစားချက်ကြီးကိုမုန်းသည် ... နွေလယ်ရဲ့အရာအားလုံး ပြောင်းလဲသွားမှာကို ကြောက်မိသည် ...

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now