Chapter - 16

1.5K 242 30
                                    

Unicode
~~~~~~~

" ဒေါ်မြ …  နှိုင်းမရပြန်မလာဘူးလား "

" ဟုတ်တယ်သခင်မကြီး … သခင်လေး ညကအိမ်ပြန်မလာဘူး "

ဒေါ်သက်ထားမေက နှိုင်းမရအခန်းရှေ့မှာရပ်နေပြီးအခန်းအားအတော်ကြာစိုက်ကြည့်နေသည် … ဒေါ်မြက သခင်မကြီးရဲ့မျက်နှာအမူအယာမသာယာပုံကိုမြင်ရတော့ မေးကြည့်လိုက်သည် …

" သခင်မကြီး … သခင်လေးကိုချစ်ရက်နဲ့ ဘာကြောင့် ပြန်မခေါ်သေးတာလဲ "

သူမက သက်ပြင်းဖွဖွချရင်း …

" နှိုင်းမရက ငယ်ငယ်တုန်းကလိုထိန်းချုပ်လို့မရတော့ဘူး … သူ့ကိုလွှတ်ထားတာကပိုကောင်းမယ် … ဒေါ်မြလဲအနားမှာရှိနေတော့ ကျွန်မစိတ်ချပါတယ် … ပြီးတော့ ဒေါ်မြ ကျွန်မကို ထားမေလို့ပဲခေါ်ပါ … ဒေါ်မြက ကျွန်မရဲ့အမကြီးပဲလေ "

" အင်း … ထားမေ … ဒေါ်မြကတော့သခင်လေးနှိုင်းမရကိုလွှတ်ထားတာထက် မိခင်ရဲ့နွေထွေးမှုကိုပေးပြီး ထိန်းချုပ်တာကပိုထိရောက်မယ်လို့ထင်တယ် … နှိုင်းကမိခင်မေတ္တာငတ်နေရှာတာ … ထားမေမှာလဲအကြောင်းပြချက်တွေရှိပေမဲ့ သားကိုဖွင့်ပြောပြီး ပုံမှန်လေးပဲနေရင်မကောင်းဘူးလား "

" ကျွန်မလဲအဲ့လိုမျိုးတွေးမိခဲ့ဖူးတယ် … ဒါပေမဲ့ ကျွန်မကမိသားစုနဲ့အဆက်အသွယ်လုပ်လို့မရဘူး … ခုတောင်ကျွန်မတိတ်တိတ်လေးလာရတာ … သတင်းသာပေါက်ကြားသွားရင် ကိုခွန်းနဲ့သားလေးအတွက် ကျမစိတ်ပူတယ် "

" အရာရှိတစ်ယောက်ဖြစ်ခဲ့ပြီး မိသားစုနဲ့ပုန်းလျှိုဝှက်လျှိုနေရတာ ဘယ်လောက်ခံပြင်းလိုက်မလဲ … အမြန်ဆုံးအဆင်ပြေမှာပါထားမေ … ခုရောအခြေအနေဘယ်လိုလဲ "

" ကျွန်မတို့စုံစမ်းနေဆဲပါ … နှစ်တွေကြာတဲ့အထိသူတို့ဘက်က ကွယ်ဝှက်နေနိုင်လွန်းတယ် … ဒီတစ်ခါထွက်ပေါ်လာရင်ကျမလက်မလွတ်စေရဘူး … အမိဖမ်းမယ် "

" ဒေါ်မြလဲကူညီနိုင်တဲ့ဘက်ကပါဝင်မယ် … နှိုင်းလေးကိုစိတ်ချပါ တစ်နေ့သူလဲ ထားမေလုပ်ရပ်တွေအပေါ် နားလည်လာမှာပါ "

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now