Chapter - 25

1.3K 196 48
                                    

Unicode
~~~~~~~~

စေတန်က မိန်းမပျိုလေးတွေနားမှာအချိန်ကုန်နေပြီး နှိုင်းမရကတော့ ထိုင်လိုက် ထလိုက်လမ်းလျှောက်လိုက်နဲ့ ကနာမငြိမ်ဖြစ်နေသည် … ဇေတုတက နှိုင်းမရအားကြည့်ကာ မေးလိုက်သည် …

" နှိုင်းမရ … မင်းထိုင်နေလို့မရဘူးလား "

" ကြာနေပြီ "

" ဟမ် "

ဇေကနားမလည်နိုင်စွာပင်မေးလိုက်သည် … ပြီးမှ နှိုင်းမရအခန်းတစ်ခုထံခနခနကြည့်နေတာကိုသတိထားမိသွားပြီး ပြုံးကာဆိုလိုက်သည် …

" မင်း နွေလယ်ညပုံစံကိုကြည့်ဖို့ မစောင့်နိုင်တော့ဘူးလား "

" ငါဘယ်တုန်းက အဲ့လိုပြောမိလို့လဲ … သူ့ဘာသာဘယ်လိုပုံဖြစ်ဖြစ် ဒီလောက်ကြာနေစရာမှမလိုတာ "

" မင်းမစောင့်ချင်တော့လို့လား … ဒါမှမဟုတ် တစ်ခုခုဖြစ်နေမှာ စိတ်ပူလို့လား "

" ငါဘယ်တုန်းက စိတ်ပူနေလို့လဲ "

နှိုင်းမရကပြန်ထိုင်လိုက်သည် … တကယ်တော့ ၂ နာရီနီးပါးကြာနေ၍ နှိုင်းမရစိတ်ပူမိတာတော့အမှန်ပင် … ထိုစဉ်အခန်းထဲကနေ မိန်းကလေးတစ်ယောက်ထွက်လာကာ နှိုင်းမရတို့ထံလျှောက်လာသည် …

" အကိုလေးတို့ အခန်းထဲဝင်လာလို့ရပါပြီ "

သူမက ဘာကြောင့်အခန်းထဲဝင်လာဖို့ခေါ်မှန်းနားမလည်၍ နှိုင်းမရက မေးလိုက်သည် …

" သူကထွက်မလာဘူးလား … မပြီးသေးလို့လား "

သူမကဘာမှပြန်မဖြေပဲ ဦးညွှန့်ကာ ထွက်သွားလေသည် … နောက်ဆုံးတော့ နှိုင်းမရတို့လဲ သူမအနောက်ကနေ လိုက်လာခဲ့ရသည် … အခန်းတံခါးဖွင့်လိုက်တော့ မွှေးပြန့်ရဲ့ရနံ့တွေနဲ့ ပေါင်းဆေးရနံ့ပေါင်းစုံကြောင့် ခေါင်းပင်ကိုက်လာသလိုပင် … အထဲမှာ ပြင်ဆင်ပေးသည့်မိန်းကလေးများရပ်နေကြပြီး နွေလယ်ညကိုတော့မတွေ့ရပေ … ထိုစဉ် စိုးယုစံရောက်လာပြီး သူမက နှိုင်းမရအား မျက်နှာချိုသွေးကာ ဆိုလိုက်သည်  …

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now