Chapter - 20

1.4K 176 37
                                    

Unicode
~~~~~~~~

" သခင်လေး "

ဒေါ်မြရဲ့အော်ခေါ်သံကြောင့် နှိုင်းမရ အိပ်ယာကနေ ထလာခဲ့သည် … မနေ့ညကသောက်ထားသည့်အရှိန်မပျယ်သေး၍  ခေါင်းများကိုက်ခဲနေခြင်းကြောင့် နထင်ကိုလက်ဖြင့် ဖိနှိပ်လိုက်ပြီး တံခါးနားကြိုးစားသွားကာ ဖွင့်လိုက်သည် …

" ဒေါ်မြ … ဘာကိစ္စရှိလို့လဲ "

ဒေါ်မြကနှိုင်းမရအကြောင်းသိနေတာမို့ အမူးပြေစေမဲ့ ဖျော်ရည်အဆင်သင့်ယူဆောင်လာသည် …

" သခင်လေး နိုးနေပြီလား … ဒါလေးအရင်သောက်ပြီးရင် အောက်ထပ်ကိုဆင်းလာခဲ့ … သခင်ကြီးကပြောစရာရှိလို့ခေါ်ခိုင်းထားတယ် "

ဖခင်ကခေါ်ခိုင်းတာမို့ နှိုင်းမရမငြင်းဆန်တော့ပဲ အမြန်ဆုံးပြင်ဆင်ကာ အောက်ထပ်သို့ဆင်းလာခဲ့သည် … ဒီနေ့က ကျောင်းပိတ်ရက်မို့ကျောင်းသွားစရာမလိုပေမဲ့ နွေလယ်ညကိုတော့ စာပြပေးဖို့ရှိနေသည် …

အောက်ထပ်ကိုရောက်တော့ ဦးခွန်းလွန်က ခုံပေါ်မှာထိုင်နေပြီး နွေလယ်ကတော့ ဒေါ်မြနဲ့အတူ မနက်စာအတွက်ပြင်ဆင်ပေးနေသည် …

အလုပ်မလုပ်ရရင်မနေတတ်တဲ့ နွေလယ်ညကို အိမ်အလုပ်တွေကူမလုပ်ဖို့ပြောပေမဲ့ တားမရ၍ ဦးခွန်းလွန်လဲလွှတ်ထားလိုက်ရခြင်းပင် … နွေလယ်ညကြောင့် ဒေါ်မြလဲအတော်လေးသက်သာနေပြီး တခြားအိမ်ဖော်တွေကိုလဲ ထောင့်စေ့အောင်ခိုင်းနိုင်သည် … သွက်လက်သည့်နွေလယ်ညကြောင့် ဒေါ်မြပျော်ရွှင်နေရသည် …

" နွေလယ်လေး … မင်းအကိုအတွက် ထမင်းပန်းကန်ချပေးလိုက် "

ဒေါ်မြကခိုင်းလိုက်တော့ နွေလယ်လဲ နှိုင်းမရအတွက် ထမင်းကြော်ပန်းကန်အားယူကာ ချပေးလိုက်သည် … အားလုံးလူစုံသွားပြီမို့ စားစရာများပြည့်နေတဲ့စားပွဲဝိုင်း၌ နွေလယ်လဲ ဝင်ထိုင်လိုက်သည် … သူတို့အားလုံး မနက်စာအရင်စားပြီးနောက် အချိုတည်းရင်း ဦးခွန်းလွန်က စတင်ကာ စကားဆိုလာ၏ …

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now