Chapter - 6

2.7K 371 108
                                    

Unicode
~~~~~~~~


နောက်တစ်နေ့နံနက်တွင်တော့ ကျောင်းဝန်း၏အလယ်၌ လူတွေအားလုံးအား အံ့အားသင့်စေသည့်မြင်ကွင်းတစ်ခုကစီးကြိုနေသည် … ထိုအရာကတော့ တေဇတို့ ဇိုးအုပ်စုက မြေပြင်ပေါ်မှာ ဒူးထောက်ထားလျှက် သူတို့ရဲ့ကျောပိုးအိပ်တွေကို လက်ဖြင့်မထားကာ တစ်စုံတစ်ယောက်ကိုရည်ရွယ်ကာတောင်ပန်းနေကြသည် … ထိုမြင်ကွင်းအား လူတွေအားလုံးဝိုင်အုံကြည့်နေကြပြီး မလှမ်းမကမ်းတွင်တော့ နှိုင်းတို့အုပ်စုရပ်နေကြသည် …

" နှိုင်း … မင်းဒါတွေကို ဘာအတွက်လုပ်နေတာလဲ "

မနေ့ညက ပျော်မြူးနေခဲ့တဲ့စေတန်ဟာ ခုတော့ နှိုင်းအားမေးလာခဲ့သည် … သူသိတဲ့နှိုင်းမရဟာ အပြစ်မဲ့တဲ့လူတွေကိုတော့ အပြစ်ရှာပြီးအနိုင်ကျင့်တတ်တဲ့သူမျိုးမဟုတ်ဘူး … တေဇတို့အုပ်စုဟာ ကျောင်းထဲ၌ အင်အားနည်းတဲ့သူတွေကိုအနိုင်ကျင့်တယ်ဆိုပေမဲ့ သူတို့စီနီယာအုပ်စုကိုတော့ ဘယ်တုန်းကမှရန်မမူခဲ့သလို သူတို့ကိုမျက်နှာသာပေးရန်ပင်ကြိုးစားခဲ့သေးသည် …

မနေ့ကသူတို့လုပ်ခဲ့တာ အနည်းငယ်တောင် လွန်သွားတယ်ဟုပင်ထင်မိသည် … သွေးအေးတဲ့နှိုင်းမရကတော့ တိတ်ဆိတ်စွာပင် တေဇတို့ထံအေးဆက်စွာကြည့်နေပြီး ခနကြာတော့မှပြန်ဖြေလာခဲ့သည် ….

" သူတို့နဲ့ထိုက်တန်တဲ့အရာကိုပြန်လုပ်ခိုင်းတာ "

" ဟမ် … ဘာကိုထိုက်တန်တာလဲ "

" အပြစ်လုပ်ရဲရင် ခံရဲရတယ် "

တစ်ခနမျှကြာသွားပြီးသည့်နောက်တွင် ကျောင်းဝန်းထဲသို့ လူငယ်လေး ၂ ယောက်ဝင်လာကြသည် … သူတို့ဟာစကားပြောဆိုရင်းဝင်လာခဲ့ပေမဲ့ လူအုပ်ကြီးကိုမြင်တော့ ရပ်တန့်လိုက်ကြသည် …

" နွေလယ် … ဟိုမှာ ဘာဖြစ်နေကြတာလဲမသိဘူး "

ထက်မြတ်က သိချင်စိတ်တို့ပြင်းပြလာသည်နှင့် နွေလယ်အားခေါ်ကာ ထိုနေရာသို့လျှောက်လာခဲ့သည် … လူတွေဝိုင်းအုံနေသည့်အလယ်၌ တေဇတို့အုပ်စုဒူးထောက်နေကြပြီး သူတို့ပါးပြင်နဲ့နှဖူးပေါ်တွင် အနာကပ်ပလာစတာများကပ်ထားကြပြီး ရန်ဖြစ်ထားမှန်းသိသာလှသည် …

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now