Chapter - 31

1.1K 228 51
                                    

Unicode
~~~~~~~

သစ်ပင်အရိပ်အောက်လေးမှာ နွေလယ်နဲ့နှိုင်းမရ ထိုင်လိုက်ပြီး မွေးနေ့ကိတ်လေးကိုခွဲလိုက်ကြသည် … နွေလယ်က သူနဲ့ထက်မြတ် ၂ ယောက်တူတူ ဒီနေရာလေးမှာ မွေးနေ့ပွဲဆင်နွှဲနေကြမို့ ထိုတုန်းကလိုမျိုး မိခင်အတွက် ကိတ်မုန့်တစ်စိတ် ခွက်လေးနဲ့ ပန်းခင်းလေးအလယ်ချပေးပြီးနောက် နှိုင်းမရအား အရင်ဦးဆုံးခွင့်ကြွေးလိုက်သည် … နှိုင်းမရကလဲ ကြောင်အမ်းအမ်းနဲ့သာ နွေလယ်နဲ့အတူ မွေးနေ့ကိတ်ကို စားပေးနေသည် …

နွေလယ်က ကိတ်အတူစားရင်း ဆိုလာ၏ …

" ကျွန်တော် ဒီနှစ်လဲ မွေးနေ့ကို တစ်ယောက်ထည်းကျင်းပရမယ်ထင်နေခဲ့တာ "

" အရင်တုန်းကရော ဒီက ကလေးတွေနဲ့အတူမလုပ်ဘူးလား "

" ကျွန်တော့မွေးနေ့ကို ဘယ်သူမှသတိမရကြဘူး … အဲ့ဒါကြောင့် ကျွန်တော်မွေးနေ့တိုင်း အမေရှိတဲ့ဒီနေရာလေးမှာပဲ လာထိုင်နေခဲ့တာ … ဒီနှစ်တော့ ကျွန်တော် ၁ ယောက်ထည်းမဟုတ်တော့တဲ့အပြင် ကိတ်လဲပါလာလို့မေမေပျော်နေလောက်တယ် "

မိခင်အကြောင်းပြောတဲ့အချိန်မှာ နွေလယ်မျက်ဝန်းလေးတွေက တလပ်လပ်တောက်ပနေပြီး နှုတ်ခမ်းလေးတွေကပြုံးနေသည် … အရမ်းကို စိတ်ရွှင်လန်းနေပုံပင် … နှိုင်းမရက နွေလယ်အား ငေးကြည့်ရင်း မေးလိုက်သည် …

" မင်းရဲ့မေမေက အရမ်းချောမှာပဲ "

နွေလယ်ပြုံးသွာလေသည်  …

" ဘယ်လိုသိတာလဲ … ကျွန်တော့မေမေကအရမ်းချောတာ "

' မင်းကအမေတူတာပဲဖြစ်မယ် ' ဟူသောစကားကိုတော့ နှိုင်းမရစိတ်ထဲကနေပြောလိုက်ခြင်းပင် …

" မေမေက ကျွန်တော့အတွက် ကမ္ဘာပေါ်မှာအလှဆုံးအမျိုးသမီးပဲ "

" ငါ့အတွက် ကမ္ဘာပေါ်မှာအလှဆုံးက ရှိမယ်မထင်ဘူး "

နွေလယ် နှိုင်းမရအား လှည့်ကြည့်လိုက်သည် … အနည်းငယ် လွမ်းမောနေပုံပင် … နှိုင်းမရက ပန်းခင်းလေးအားငေးကြည့်နေရင်ဆက်ကာဆိုလာသည် …

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now