Chapter - 2

4.4K 419 65
                                    

Unicode
~~~~~~~

ရန်ကုန်မြို့တွင်းကနေ ထွက်လာခဲ့ပြီး လယ်ကွင်းတောတောင်များဖြင့်ပြည့်နေသည့် တောတွင်းသို့ဝင်လာခဲ့သည် … နွေလယ်ညလေးက တစ်လမ်းလုံး ငြိမ်ဆိတ်နေ၏ … မိဘတွေကို ဆုံးရှုံးရသည့်အပြင် ပိုင်ဆိုင်မှုတွေကိုပါ ထပ်ပြီးဆုံးရှုံးလိုက်ရတော့ သူ့ရင်ထဲမှာ ဗလာနက်ထိဖြစ်လို့သွားသည် …စွန့်ပြစ်ခံရသည့် ခံစားချက်ကြီးက ကလေးတစ်ယောက်အတွက် အလွန်ကြီးမားတဲ့ ရိုက်ခပ်မှုကြီးတစ်ခုပင် …

သူတို့ရဲ့ကားလေးက ရောင်စုံပန်းခင်းနှင့်  ကစားကွင်းသေးသေးလေးထဲတွင် များစွာသောကလေးငယ်များရဲ့ ဆူညံသံများနှင့် ပြည့်နေသည့် ခြံဝင်းလေးထဲသို့ဝင်လာခဲ့သည် … ပြေးလွှားဆော့ကစားနေကြသည့် အရွယ်စုံသောကလေးငယ်များက သူတို့ကားလေးထံအပြေးရောက်လာကြသည် ။ ဒါကတော့ မိဘမဲ့ကလေးများကို ထိန်းသိမ်စောင့်ရှောက်ပေးသည့် ' ချစ်မေတ္တာ ' မိဘမဲ့ဂေဟာပင်ဖြစ်သည် ။ မြို့နဲ့ဝေးပြီး အနားမှာသာမန် ရပ်ကွက်ငယ်လေးတွေသာရှိနေသည် …

နာမည်နဲ့လိုက်အောင် မိဘမေတ္တာငတ်မွတ်နေကြတဲ့ ကလေးငယ်တွေကို ကို့သွေးသားပမာ စောင့်ရှောက်ပေးတဲ့ ဂေဟာမှူးနဲ ဆရာ/ဆရာမများကြောင့် ချစ်မေတ္တာဂေဟာမှကြီးပြင်လာသည့်ကလေးများသည် ထူးချွန်ထက်မြတ်ပြီး အရွယ်ရောက်လာသည့်အခါ ပညာတတ်အသိတရားရှိတဲ့ လူကြီးလူကောင်းများအဖြစ်ပြောင်းလဲသွားကြ၍ ခု ဂေဟာလေးဟာ ကျောင်းသားဟောင်းတွေရဲ့ ထောက်ပံ့ပေးမှုတွေကြောင့် ကလေးငယ်တွေကို အတားအစီးမဲ့လက်ခံပေးကာ စောင့်ရှောက်ပေးနိုင်ခဲ့သည် ။

နွေလယ်လေးကားပေါ်ကဆင်းလာတော့ သေးငယ်သည့်ကလေးများနှင့် သူ့ထက်အသက်ကြီးပုံပေါ်သည့် ကလေးများ အရွယ်စုံတို့သည် သူ့အား ထူးဆန်းစွာဖြင့်ကြည့်နေကြသည် ။ အသက် ၇ နှစ်ခွဲသာရှိသေးတဲ့နွေလယ်လေးဟာ ခုလို သူနဲ့စိမ်းတဲ့အရပ်ကို ရောက်နေတော့ ကြောက်လွန်း၍ ဦးလေးရဲ့အင်္ကျိကို မလွှတ်တန်း ဆွဲကိုင်ထားလေသည် ။

" နွေလယ် … ဒီနားမှာ ခနထိုင်နေနော် … ဦးလေး ဂေဟာမှူးနဲ့ စကားသွားပြောလိုက်အုံးမယ် "

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now