Chapter - 23

1.3K 182 58
                                    

Unicode
~~~~~~~~

" ဟေး ... မင်း သတိထားဦး "

နှိုင်းမရ နွေလယ်ရဲ့ကိုယ်အား ထိန်းပေးထား
ရင်း နွေလယ်အားနှိုးလိုက်ပေမဲ့ သတိမဲ့ကာ မူးနေပုံပင် မျက်ဝန်းအနည်းငယ်မျှသာ ဖွင့်ကြည့်လာသည် ... နှိုင်းမရ သက်ပြင်းချလိုက်ပြီး ဘေးနားကခုံပေါ်သိုတင်ပေးရန်ပြင်လိုက်စဉ် တစ်ကြိမ်တစ်ခါမှ ပြင်းပြပြအရည်တွေမသောက်ဖူးတဲ့ နွေလယ်ဟာ ဗိုက်ထဲမှာပူလောင်လာပြီး မထိန်းနိုင်တော့ပဲ အန်ချပြစ်လိုက်လေတော့သည် ...

' ဝေါ့ '

" ...... "

နှိုင်းမရဘာမှမပြောနိုင်တော့ပဲ မျက်လုံးပိတ်လိုက်ပြီး သူ့ရင်ဘက်ပေါ်ခေါင်းမှီကာ အန်းနေတဲ့နွေလယ်အား ပခုံးကနေကိုင်ကာ ထိန်းပေးထားလိုက်သည် ... ကျန်လူများက ဆူညံနေတဲ့သီချင်းသံနေနဲ့ပျော်မြူးနေ၍ သူတို့အား ဘယ်သူမှသတိမထားမိခြေ ... တစ်ခနမျှကြာတော့ ရင်ခွင်ထဲက နွေလယ်လဲ ငြိမ်ကျသွားလေသည် ...

" ပြီးပြီဆိုရင်ထတော့ "

အရည်တွေပြန်ပြီးအန်ချလိုက်တော့မှ အနည်းငယ်သက်သာသွားပုံပင် နွေလယ်အသိပြန်ဝင်လာသည် ... ခေါင်းထောင်ကြည့်လာတော့ သူ့ရဲ့အရှေ့မှာမတ်မတ်ရပ်နေပြီး သူ့အားအေးဆက်စွာကြည့်နေတဲ့ နှိုင်းမရအားမြင်ပြီး လန့်သွားသည် ...

" စီနီယာက ဘယ်လိုရောက်လာတာလဲ "

နှိုင်းမရရဲ့အင်္ကျိမှာအရည်တွေပေနေ၍ သူအန်ချထားမိမှန်း နွေလယ်ချက်ချင်းသဘောပေါက်သွားပြီး ထူပူသွားသည် ... စားပွဲပေါ်က သစ်ရှူးကိုအမြန်ယူပြီး သုတ်ပေးလိုက်တော့ ...

" မင်း ဘာတွေလုပ်နေတာလဲ "

နှိုင်းမရက သူ့ရင်ဘက်ပေါ်ကိုသုတ်ပေးနေတဲ့ နွေလယ်လက်တွေကိုကိုင်ပြီးမေးလိုက်ခြင်းပင် ... နွေလယ်လန့်သွားကာ အနည်းငယ်မျှ တွန့်ဆုတ်သွားသည် ...

" ကျွန် … ကျွန်တော် ပြောင်အောင်သုတ်ပေးနေတာပါ "

🦋🌟☁️ နွေလယ်ည ရဲ့ ကောင်းကင်ပြာ ☁️🌟🦋Where stories live. Discover now