Page 21

16.8K 2.8K 196
                                    

အခန်းထောင့်နားတွင် ရှိသော ကြိမ်ခြင်းတောင်းထဲ၌ အဝတ်အစား အနည်းငယ်သာ ရှိသည်။ ညိုမှိုင်းမှိုင်း အဝတ်အစားတို့ကြား၌ အဖြူရောင် ဘောင်းဘီတစ်ထည်နှင့် အကျႌလေး နှစ်ထည်တို့သာ
ထင်းထွက်နေ၏။ ခေါင်လွမ်း၏ အဝတ်အစား အကုန်နီးပါသည် ချုပ်ရာ၊ ဖာထေးရာတို့နှင့် ကင်းလွတ်သည် မရှိ။ မျက်စိမှုန်နေသည့် အဒွိ ချုပ်ပေးထားသော မညီမညာ ချုပ်ရိုး အရာလေးများသည်
ခေါင်လွမ်း၏ အကျႌတိုင်း လိုလို၌ ရှိသည်။ ခေါင်လွမ်း ယခုဝတ်ထားသော ချည်သား အကျႌအနွမ်းလေးသည် အဒွိ၏ ချုပ်ရာ အများဆုံးကို ပိုင်ဆိုင်ထား၏။

မနက်ခင်း နေရောင် ထွက်ပြူစတည်းက သွားခူးထားသည့် ဒန်ဒီလိုင်းယွန်း ပန်းလေး နှစ်ပွင့်သည် ရေချမ်းအိုးထဲ၌ ရှိနေသည်မှာ လန်းလန်းဆန်းဆန်း။ နုနယ်လှသည့် ပန်းပွင့်လေးတွေမို့ ပွင့်ချပ်လေးတွေ လွင့်ထွက်မသွားအောင် အိမ်အထိ တယုတယ သယ်ဆောင် လာခဲ့ရသည်မှာ ခက်ခဲလွန်းလှသည်။ သို့သော်လည်း
ချစ်ရသူအတွက်မလို့ ခေါင်လွမ်း၏ ရင်ထဲ၌ ကြည်နူးမှု
လှိုင်းလေးမှလွဲ၍ မည်သည့်အရာမှ ပေါ်ပေါက်လာခြင်း မရှိ။

ခြင်းတောင်း၏ အောက်ဆုံး၌ ရှိနေသည့် ဘေးလွယ်အိတ်လေးကို ခေါင်လွမ်း လှမ်းယူလိုက်သည်။ အိတ်ပေါ်၌ ခြူလုံးလေးတွ တပ်ထားခြင်းကြာင့် အိမ်လေးထဲ၌ ခြူသံလေးသည် သာသာယာယာ ပျံ့လွင့်သွား၏။ ထိုလွယ်အိတ်လေးသည် သူဝယ်ထားစဉ်ကတည်းက ယခုထိ မသုံးဖြစ်သော အိတ်ကလေး။ ထိုလွယ်အိတ်လေးထဲသို့ စာအုပ်တွေ ထည့်ပြီး ကျောင်းတက်ရဖို့ ခေါင်လွမ်း၌ အခွင့်မရှိခဲ့။
ထို့ကြောင့် ခေါင်လွမ်း တန်ဖိုးထားရသည့်
ပုံဆွဲစာအုပ်လေးတွေကိုသာ ဖြည်းဖြည်းချင်း ထည့်လိုက်သည်။ ပထမတန်းကတည်းက ကျောင်းထွက်လိုက်ရသော ခေါင်လွမ်းအဖို့ ယခု အပြုအမူသည် ရင်ထဲကို နာကျင်၊ ဝမ်းနည်းသွားစေ၏။

ပျော်ရွှင်ရမည့်ရက်မှာ ဘာကြောင့်များ ဝမ်းနည်းစရာတွေ တွေးနေရသည်လဲ။ ခေါင်းကို လှုပ်ခါရင်း ဝမ်းနည်စရာများကို ဖယ်ထုတ်လိုက်၏။ ကချင်ပုဆိုးကို အနက်ရောင် အနွေးထည်နှင့် တွဲဝတ်ထားခြင်းကြောင့်
ခေါင်လွမ်း၏ အဖြူရောင် အသားအရေသည် ထင်းထွက်နေသည်။ ထို့သို့ ပေါ်နေသော လက်ဖမိုးလေးများကို သဘောမကျသဖြင့် အကျႌလက်ကို လုံခြုံအောင်ပင် ဖုံးလိုက်သေး၏။ ရေထဲ၌ စိမ်ထားသည် ဒန်ဒီလိုင်းယွန်း ပန်းပွင့်လေးတွေကို ဆယ်ယူကာ အပွင့်လေးတွေပေါ် ပလတ်စတစ်အိတ်နှင့် အုပ်လိုက်သည်။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now