EXTRA 1

17.3K 2.1K 110
                                    

လေးလသားအရွယ် ရှင်းလုံးလေးသည်
မိုင်စိုင်း၏ ချော့မြူမူ့အောက်၌
ခိုးခိုးခစ်ခစ် ရယ်သံလေးတွေ
ထွက်လာသည် အထိ ရွှင်မြူနေ၏။

ခါတိုင်း တိတ်ဆိတ်နေသော
အိမ်ငယ်လေးသည် ရှင်းလုံး
ရောက်လာသည့် အချိန်မှစ၍
ကလေးငိုသံ၊ ရယ်မောသံလေးတွေဖြင့် အရောင်အသွေး စုံလင်လှသော အိမ်ဂေဟာလေးအဖြစ်သို့
ကူးပြောင်းသွားသည်။

ပါးဖောင်းဖောင်းလေး နှစ်ဖက်ကို
မွှေးကြူကာ ဂျိုင်းအောက်သို့ ခပ်ဖွဖွ ကလိထိုးလိုက်တိုင်း ကလေးငယ်လေးသည် မျက်လုံးတွေ မှိတ်သွားသည်အထိ မြူးတူးတတ်၏။

ယခုအချိန်၌ ရယ်ပြုံးနေသော
ရှင်းလုံးလေးသည် မကြာမီ
အချိန်အတွင်းမှာတော့ အသားကုန်
အော်ဟစ် ငိုယိုတော့မည်မှာ
အသေအချာ။

ယနေ့သည် ရှင်းလုံးလေးအား ပြင်းထန် အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး (PCV) ဒုတိယအကြိမ် သွားထိုးပေးရမည့်
ရက်ဖြစ်သည်။

ဆေးထိုးအပ်မြင်သည်နှင့်
အော်ငိုတတ်ကြသော ကလေးငယ်များထဲ မိုင်စိုင်းတို့၏ သားငယ်လေးသည်လည်း
တစ်ဦး အပါအဝင်ဖြစ်၏။

ပထမအကြိမ် ဆေးသွားထိုးတုန်းကဆို
နှစ်လသားအရွယ် ရှင်းလုံးလေးအား
လွမ်းငယ်သည် တစ်နေကုန် လက်ထဲ၌
ချီပိုးကာ ချော့မော့ခဲ့ရသည်။

ရှင်းလုံးအပေါ်ထားသည့် ခေါင်လွမ်း၏ ချစ်ခြင်းမေတ္တာသည် မိုင်စိုင်း
လိုက်မမှီလောက်အောင်အထိ
ကြီးမားလွန်းပါသည်။

"ရေချိုးလို့ရပြီ ကိုကို"

မိုင်စိုင်း၏ အနားသို့ လွမ်းငယ်
ရောက်မလာခင်ကတည်းက
တရော်ကင်ပွန်းနံ့သည်
နှလုံးသားလေးအား လာရောက်၍ ကလူကျီစယ်သည်။

ခေါင်းလျှော်ရည် အထုတ်ငယ်တွေ
အများအပြား ဝယ်ပေးပေမယ့်
လွမ်းငယ်လေးသည်
တရော်ကင်ပွန်းနှင့်သာ
အစဉ်အမြဲ ခေါင်းလျှော်တတ်၏။

မိုင်စိုင်းတို့ သားအဖနားသို့ လာထိုင်သော
အမျိုးသားလေးသည် တဘက်ကို
ပုခုံးပေါ်၌ တင်ထားသော်လည်း
ဆံပင်တွေကို ရေခြောက်အောင် သုတ်မထား။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now