EXTRA 3

13K 1.7K 76
                                    

မိုင်စိုင်းတို့ အိမ်လေးရှိ မီးဖိုချောင်းသည်
မကျယ်ဝန်းပေမယ့် သူနေရာနှင့်သူ
အစီအစဉ်တကျနှင့် သပ်သပ်ရပ်ရပ်လေး
ဖြစ်သည်။

ကြွေပန်းကန်နှင့် စတီးပန်းကန်တို့ထက်
သစ်သားခွက်၊ ဝါးဆစ်ခွက်များကိုသာ
အဓိက အသုံးပြုသောကြောင့် ပန်းကန်စင်၌
ပုံစံဆင်တူ ခွက်လေးတွေ အများအပြား
ရှိ၏။

ထို့အပြင် ဂရိတ်ဖရုခြံ၌ အလုပ်လုပ်နေသော
မိုင်စိုင်းကြောင့် မီးဖိုချောင် နံရံ၌
ချိတ်ဆွဲထားသော ဂရိတ်ဖရုသီး အများအပြားကိုလည်း တွေ့နိုင်၏။

ကြွတ်ကြွတ်အိတ်ဖြင့် လေလုံအောင်
တစ်လုံးချင်းဆီ ထုတ်ပိုးထားပါက
လနှင့်ချီအောင် အထားခံသောကြောင့်
သေချာ ထုတ်ပိုးထားသော
ဂရိတ်ဖရုသီးများသည် မီးဖိုချောင်း၌ အပြည့်ရှိနေသည်။

ထိုမျှမကသေး ကန်စွန်းဥပြုတ်
စားရသည်ကို အလွန် သဘောကျသော အမျိုးသားလေးကြောင့် ဝါးခြင်းထောင်းလေးထဲ၌လည်း
ကန်စွန်းဥတွေ အများအပြား ရှိသေး၏။

မနက်ခင်း ဘုရားရှိခိုးပြီးသည်နှင့်
မီးဖိုချောင်ထဲသို့ ဝင်ကာ
ချက်ပြုတ်တတ်သော အဖြူလုံးလေးသည် ယနေ့၌လည်း အစဉ်အလာ မပျက် အလုပ်တွေရူပ်နေသည်။

သီချင်းသံ တိုးတိုးလေး ညည်းရင်း
ချက်ပြုတ်နေသော ကောင်လေး နားသို့
မိုင်စိုင်း တိုးတိုးလေး သွားကာ အနောက်မှ သိုင်းဖက်လိုက်တော့ ခန္ဓာကိုယ်ငယ်သည်
ဆက်ခနဲ တုန်ယင်သွား၏။

အမြဲလိုလို ပြုလုပ်နေကြ အပြုအမူပေမယ့်
ဂွမ်းလုံးလေးသည် ယခုတိုင်
အသားကျသေး ဟန်မတူ။
မိုင်စိုင်း၏ ထွေးဖက်ခြင်းကို
ခံလိုက်ရတိုင်း တုန်ယင်သွားဆဲ ဖြစ်သည်။

"သည်းငယ် ဘာတွေချက်နေတာလဲ"

အမေးစကားနှင့်အတူ လည်တိုင်းလေးကို
ခပ်ဖွဖွ နမ်းရိူက်လိုက်တော့ ပေါင်ဒါ ရနံ့
သင်းသင်းလေးအား ခံစားလိုက်ရ၏။

ရှင်းလုံးလေးကို ပေါင်ဒါ အမြဲလူးပေး
တတ်သော လွမ်းငယ်လေးကြောင့်
အမွှေးရနံ့သည် ထိုအမျိုးသားလေး၏
ခန္ဓာကိုယ်၌ စွဲကျန်ရစ်နေပုံရသည်။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now