Page 35

16.7K 2.4K 247
                                    

ဖုန်းပြောရင်း တစ်ဖက်သို့ လှည့်သွားသည့် မိုင်စိုင်းကြောင့် ခေါင်လွမ်း၏ စိတ်အာရုံကို ဖမ်းစားသွားသည် အရာမှာ ကားလမ်း တစ်ဖက်ခြမ်း၌ ရှိသည့် မိုးပျံပူဖောင်းလေးတွေ ဖြစ်သည်။ လေပေါ်၌ ပျံဝဲနေသည့် ဘောလုံးလေးတွေကို
ကြိုးဖြင့် သွယ်ကာ စွန်သဖွယ် ဝှေ့ယမ်းပြနေသော မြင်ကွင်းသည် ခေါင်လွမ်းကို အထူးအဆန်း ဖြစ်စေ၏။
ပန်နန်းဒင်မှလာသော ခေါင်လွမ်းအဖို့ ရန်ကုန်မြို့သည် ထူးဆန်းသော အရာများနှင့်သာ ပြည့်နှက်နေသည့် မြို့ကြီး။ ထိုထူးဆန်းလွန်းသည့် အရာလေးတွေ၏
အနားသို့ ကပ်ကာ ခေါင်လွမ်း စူးစမ်းချင်မိသည်။

ထို့ကြောင့် အရှိန်ပြင်းစွာ သွားလာနေသည့် ကားတွေကို မျက်ကွယ်ပြုရင်း၊ ကားဟွန်းတီသံ စူးစူးတွေကို လျစ်လျူရှုရင်း ထိုဘောလုံးလေးတွေဆီသို့ ခြေလှမ်းမိ၏။

"သည်းငယ်"

နားထဲသို့ ဒိန်းခနဲ ဝင်ရောက်လာသော ကိုကို့၏ အော်သံ။ ထိုအော်သံနှင့် အတူ အရှိန်ပြင်းစွာ အတွန်းခံလိုက်ရမှုကြောင့် ခေါင်လွမ်း၏ ကိုယ်ငယ်လေးသည် လမ်းဘေးသို့ ပစ်လဲသွားတော့သည်။
ထို့နောက် မြင်လိုက်ရသည်က ကား၏ အရှေ့၌ လဲကျနေသော ကိုကို။ မိုးပေါ်သို့ ပျံတက်သွားသော ရောင်စုံ ဘောလုံးငယ်တွေ ပျောက်ကွယ်သွားသည် အထိ၊
ပျော်ရွှင်နေသော နှလုံးသားလေး ဆို့နင့် နာကျင်လာသည် အထိ မုန်တိုင်းသည် လေညင်းတို့အပေါ် အနိုင်ယူခဲ့ပါသည်။

----- ----- ------

"အရိုးကို ထိမသွားလို့ တော်သေးတယ်။ ဒဏ်ရာက သိပ်မပြင်းလို့ နှစ်ပတ် သုံးပတ်လောက်ဆို လမ်းလျှောက်ရတာ အဆင်ပြေသွားမှာပါ"

ဓာတ်မှန်ကို ကြည့်ကာ ပြောလာသည့် ဆရာဝန်ကြီး၏ အသံမှလွဲ၍ ဤအခန်းငယ်လေးသည် တိတ်ဆိတ်နေလျက်။ ဘရိတ်အုပ်တာ မြန်သွားသဖြင့်
မိုင်စိုင်းမှာ ထိခိုက်မှု ကြီးကြီးမားမား မရသွားပေမဲ့ ဘယ်ဘက် ခြေထောက်၌တော့ ဒဏ်ဖြစ်သွားသည်။
သို့ပေမဲ့ မိမိ၏ နှလုံးသားလေးကို ကယ်တင်နိုင်လိုက်သည့် အတွက် မိုင်စိုင်း ပျော်မိပါသည်။ မိမိနေရာမှာသာ လွမ်းငယ်လေး ဖြစ်ပါက မိုင်စိုင်းခမျာ ယခုထက်ပို၍ နာကျင်ခံစားရမည်။ ဆို့နင့် ကြေကွဲရမည်ဖြစ်သည်။
ဆေးခန်းမှ အိမ်သို့ ပြန်လာသည့် လမ်းတစ်လျှောက်လုံး မျက်နှာညှိုးငယ်နေသော ကောင်လေးသည် အိမ်ပြန်ရောက်သည် အထိ မိုင်စိုင်းထံ  မျက်ဝန်းချင်း ဆုံမလာသေးပါ။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now