Page 7

20.1K 2.9K 41
                                    

အတိတ် နေ့ရက်ဆီသို့

"အနူး"
(အနူး=မေမေ)

"ပြော သားလေး"

"သား ဒီနေ့ ကျောင်းပိတ်တယ်လေ။ အနူး ဆေးမြစ်ရှာတာ သားလည်း လိုက်ချင်တယ်"

"အနူးက အကြာကြီး လမ်းလျှာက်ရမှာ။ သားခြေထောက်လေးတွေ ညောင်းနေမှာပေါ့"

"မညောင်းဘူး။ လိုက်ချင်ပါတယ်ဆို"

မျက်နှာလေး စူပုပ်ကာ စိတ်ကောက်ဟန်ပြုတော့ အနူးသည် ခေါင်လွမ်း၏ ဆံနွယ်ဖြူဖြူလေးများကို
ခပ်ဖွဖွလေး ပုတ်ပေးကာ ချော့ပါတော့သည်။ ခေါင်လွမ်းသည် ယောက်ျားလေး ဖြစ်ပေမဲ့ အနူးက ဆံပင်အရှည် ထားပေးထားသောကြောင့်
ဆံပင်ဖြူဖြူလေးတွေက ကျောလယ်ရောက်သည် အထိပင် ရှိနေချေပြီ။ ဆံပင် အရှည်ထားရသည်ကို ခေါင်လွမ်း သဘောမကျပေမဲ့ သူ၏ ဆံပင်တွေ လေထဲ၌ လွင့်နေချိန်ဆို အနူးသည် သူ့ကို နတ်သားလေးနှင့် တူသည်ဟု ပြောသည့် စကားကိုတော့ အလွန် နှစ်ခြိုက်လှ၏။

တချို့လူတွေက ခေါင်လွမ်းကို ကြည့်ကာ မကောင်းဆိုးဝါးဟု ပြောလျှင် စိတ်ထဲ၌ ဝမ်းနည်းမိပေမဲ့
အနူးက နတ်သားလေးဟု ခေါ်ပြန်လျှင်လည်း ရင်ထဲ၌ ကြည်နူးစိတ်လေးက တိုးရပြန်သည်။ ခေါင်လွမ်းသာ နတ်သားလေးဆိုလျှင် သူ့ကို အမြဲပျော်ရွှင်စေသည့် အနူးကတော့ နတ်သမီးလေးပင် ဖြစ်လိမ့်မည်။

ယခုလည်း အနူးက သူ့ကို ခေါင်းဖြီးပေးနေချိန်၌ ဆေးမြစ်တူးလိုက်ရန် ပူဆာနေခြင်း ဖြစ်၏။ အနူးက ဆေးမြစ်တူးသွားလျှင် ခေါင်လွမ်းကို ဘယ်တော့မှ မခေါ်။ သူပါ ဝိုင်း၍ တူးပေးလျှင် အနူး အပင်ပန်း သက်သာမည်ကို။ စိတ်ထဲ၌ အတွေးပွားနေသည့် ခေါင်လွမ်းလေးသည် နှုတ်ခမ်းလေးမှာ စူထော်၍ နေ၏။
ခြောက်နှစ်သားအရွယ် ခေါင်လွမ်းက လူကြီးလေးလိုပဲ သိတတ်လွန်းလှသည်။

"အနူးရဲ့ သားလေးက စိတ်ကောက်နေတာလား"
အနူးက ခေါင်လွမ်း၏ ပါးလေးကို ဆွဲကာချော့တော့
နှုတ်ခမ်းလေးမှာ ပို၍ စူလာ၏။

"ဒါဆို လမ်းမှာ အနူး စကားကို နားထောင်ရမယ်နော်။
လမ်းတစ်ဝက်ရောက်မှ ဝေးလို့ မလျှောက်နိုင်ဘူးဆို အနူး မချီပေးဘူးနော်"

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now