Page 23

17.2K 2.6K 79
                                    

ပန်းပင်နီနီလေးတွေရှိရာ ခြံဝန်းလေးဆီသို့ မိုင်စိုင်း ဝင်လိုက်တော့ လက်ကီးလေးသည် အမြီးလေးကို နှန့်ကာ အပြေးလာ၏။ ခါတိုင်း ဖုန်တွေ သဲတွေနှင့်
ပေတူးနေသည့် အကောင်လေးသည် ယခုတော့ အမွေး ဖြူဖြူလေးမှာ ဖြူဖွေး၊ သန့်စင်နေ၏။ လက်နှစ်ဖက်နှင့် လပ်ကီးလေးကို ဆွေ့ခနဲ ကောက်ချီလိုက်တော့ အသံစွာစွာ ဟောင်ရင်း ခေါင်းလေးကို လှုပ်ခါရမ်းတော့သည်။
ထို့ကြောင့် အမွေးလေးတွေရှိ ရေစက်တို့သည် မိုင်စိုင်း၏ မျက်နှာထံ လာစင်ကုန်၏။

"ငြိမ်ငြိမ်နေ အသေးလေး။ မချီဘဲ နေလိုက်မယ်"

မိုင်စိုင်း၏ လက်ပေါ်သို့ ရောက်တိုင်း လှုပ်ရွနေတတ်သော
လပ်ကီးလေးကို ထိုသို့ မိုင်စိုင်း ပြောလိုက်မှ အကောင်ပေါက်လေးသည် ပြောစကားကို နားလည်သည့်နှယ် မျက်နှာလေးငယ်ကာ ငြိမ်ကျသွား၏။

"မင်း သခင်က ငြိမ်သလောက် မင်းကတော့ တော်တော် ကဲတဲ့ ကောင်လေးပဲ"

ငြိမ်ကျသွားသည့် လပ်ကီးလေးသည် ယခုတော့လည်း
မိုင်စိုင်း၏ ရင်ခွင်ကို ခေါင်းလေး တိုးဝင်၍ ချွဲနေတော့၏။

"ကိုကို"

မြတ်နိုးသူ၏ အသံကြောင့် လပ်ကီးလေးကို ကြည့်နေသော မိုက်စိုင်း၏ မျက်လုံးတို့သည် ချက်ချင်းပင် နေရာ ရွေ့သွား၏။ သူ့ကို မြင်သည်နှင့်တစ်ပြိုင်နက် အိမ်ပေါ်မှ အောက်သို့ အပြေး ဆင်းလာသည့် ကောင်လေးကြောင့်
မိုင်စိုင်း ပြုံးမိသွားသည်။ ခါတိုင်း စည်းနှောင်ထားသည့်
ဆံနွယ်ဖြူဖြူတို့မှာ ယခုတော့ လွတ်လပ်ခွင့် ရနေ၏။
လေတိုက်လိုက်တိုင်း လွင့်နေသည့် ဆံနွယ်လေးတွေသည် ငွေရောင် အနားသပ်ထားသည့် ပိုးချည်မျှင်တို့နှင့်တောင် အသွက်တူနေပါသေးသည်။ မိုင်စိုင်း ချစ်ရသည့် အမျိုးသားလေးသည် နေရောင်အောက်မှ တိမ်စိုင်ငယ်လို
ဖြူဖြူစင်စင်လေး။ လွမ်းငယ်သည် မိုင်စိုင်း၏ အနားသို့ လာ၍ လပ်ကီးလေး၏ ခေါင်းကို ခပ်ဖွဖွလေး လာပုတ်ပေးပါ၏။ ရင်ခွင်ထဲရှိ အကောင်ပေါက်လေးကို ချော့မြူရန် အနားသို့ ပိုတိုးလာခြင်းကြောင့် တရော်ကင်ပွန်းနံ့ သင်းသင်းလေးသည် နှာခေါင်းဝနား၌ မွှေးပျံ့ပျံ့လေး ဖြစ်နေ၏။ ထို့နောက် မိုင်စိုင်းထံ စိုက်ကြည့်လာသည့် မျက်ဝန်း ကြည်ကြည်လေးတွေ။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now