EXTRA 6

2.8K 477 44
                                    

A/N : ( Pure Romance ကို သဘောကျတဲ့  စာဖတ်သူတွေအတွက် ဒီအပိုင်းကို မဖတ်ဖို့ အကြံပြုပါတယ် )

တံစက်မြိတ်ပေါ်မှ ကျဆင်းလာသော မိုးရေစက်သံ တို့သည် တဖြောက်ဖြောက် မြည်ကြွေးနေသည်။ မိုးသည် ဖွဲဖွဲလေးသာ ရွာသွန်းနေရာမှ တဖြည်းဖြည်း သည်းထန်လာသောကြောင့် ပန်နန်းဒင်၏ ရာသီဥတုသည် ချမ်းစိမ့်နေအောင်ပင် အအေးဓာတ် ပိုလာတော့သည်။

လျှပ်စစ်မီး မရရှိသော ဤဒေသလေး၌ ညအချိန်ကို ထွန်းလင်းအောင် စွမ်းဆောင်နိုင်သော အရာဟူ၍ များများစားစား မရှိ။ လေပြင်းပြင်း တစ်ချက်
တိုးဝှေ့လိုက်တိုင်း ယိမ်းနွဲ့သွားသည့် ဖယောင်တိုင်း မီးမှိန်မှိန်လေးကသာ အလင်းရောင်ကို ဆောင်ကြဉ်းပေးပါသည်။

ပန်နန်းဒင်၏ ရာသီဥတုက အေးသည်။
လေက ခပ်ပြင်းပြင်း တိုက်ခတ်နေသည်။
သို့သော် ခေါင်လွမ်း၏ နှလုံးသားလေးကတော့
ငြိမ့်ငြိမ့်ညောင်းညောင်းလေးသာ
နွေးထွေးလျက်ရှိသည်။

မြတ်နိုးရသူ၏ ရင်ခွင်ထဲ၌ ခေါင်းလေးကို
မှီရင်း ၊ မြေသင်းနံ့ သင်းပျံ့ပျံ့ကို ရှုရှိုက်ရင်း
မိုးရေစက်လေးတွေကို ငေးကြည့်ရသည်က
နွေးထွေးဖွယ် ကောင်းလွန်းသည်။

ကြည်နူးမှုကြောင့် ပြုံးရောင်သန်းနေသည့်
ခေါင်လွမ်း၏ မျက်နှာလေးက ကြည်ကြည်လင်လင်။ တဖြောက်ဖြောက် ကျဆင်းနေသော မိုးရေစက်လေးတွေကို လက်ဖဝါးဖြင့် ခံယူလိုက်၊ ကော်ဖီပူပူလေးကို သောက်လိုက်ဖြင့် ခေါင်လွမ်းတစ်ယောက် ပျော်ရွှင်မှု လှိုင်းကလေး၌ လွင့်မျောနေမိပါသည်။

"လက်ကို အပြင် ထုတ်မထားနဲ့တော့
သည်းငယ်။ ကြာရင် အအေးမိလိမ့်မယ်"

ပြတင်းတံခါး အပြင်ဘက်သို့ လက်ကလေး ထုတ်ရန် ပြင်လိုက်တုန်း ကြားလိုက်ရသည့် သတိပေးစကားနှင့်အတူ လက်ချောင်းပေါ်သို့ အုပ်မိုးလာသော လက်ဖဝါး ခပ်ကြီးကြီး တစ်ခု။ ထို့အတူ နားဖျားဆီသို့ ရိုက်ခတ်လာသော အာငွေ့နွေးနွေးကြောင့် ခေါင်လွမ်း၏ ကိုယ်ငယ်လေးဟာ ဆက်ခနဲ
တုန်ယင် သွားရပါသည်။

မည်မျှပင် ရင်နှီးကျွမ်းဝင်နေသည့်
အငွေ့အသက်ပင် ဖြစ်လင့်ကစား
ခေါင်လွမ်း အတွက်တော့ ယခုထိတိုင်
ထိရှဖွယ် ကောင်းနေတုန်းပင် ဖြစ်သည်။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now